ဧဒင်အချစ်ပုံပြင်: အရှိန်ထိန်းကိရိယာဖြင့် ရှစ်ရက်အတွင်း ယာဉ်စီးရေ ၂၅၀ နီးပါး ဖမ်းမိ

Wednesday 10 April 2013

အရှိန်ထိန်းကိရိယာဖြင့် ရှစ်ရက်အတွင်း ယာဉ်စီးရေ ၂၅၀ နီးပါး ဖမ်းမိ

Photo: အရှိန်ထိန်းကိရိယာဖြင့် ရှစ်ရက်အတွင်း ယာဉ်စီးရေ ၂၅၀ နီးပါး ဖမ်းမိ
Wednesday, April 10, 2013

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို အရှိန်ထိန်းကိရိယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ရှစ်ရက်အတွင်း ယာဉ်စီးရေ ၂၄၄ စီးကို အရေးယူနိုင်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

သတ်မှတ်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို ဖမ်းဆီး၍ တရားရုံးတွင် တရားစွဲဆိုကာ ယာဉ်စည်း ကမ်းဒဏ်ကြေး ကျပ် ၁၅၀၀ ပေးဆောင်ပြီး မော်တော်ယာဉ်ဥပဒေဖြင့် တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဒဏ်ကြေးကို တရားသူကြီးက တိုင်းဒေသကြီးပေါ်မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွင် ဒဏ်ကြေး ၃၁,၅၀၀ ကျပ် သတ်မှတ် ထားပြီး မန္တလေးနှင့် နေပြည်တော်တွင် ယခုအချိန်ထိ ဒဏ်ကြေးတိတိကျကျ သတ်မှတ်ခြင်း မရှိသေးကြောင်း ၄င်းက လက်ရှိဆောင်ရွက်နေသည့် အနေအထားကို ရှင်းပြသည်။
"ရန်ကုန်မှာဖမ်းတဲ့ကားကို ရန်ကုန် အင်းစိန်ယာဉ်စည်းကမ်း တရားရုံးမှာ ဒဏ်ကြေးဆောင်ရမယ်။ မန္တလေးမှာဖမ်းရင် မန္တလေးယာဉ်စည်းကမ်း တရားရုံး၊ နေပြည်တော်မှာ ဖမ်းရင် နေပြည်တော်ဇမ္ဗူသီရိ ယာဉ်စည်းကမ်းတရားရုံး တွေမှာ ဒဏ်ကြေး ပေးဆောင်ရပါမယ်" ဟု ၄င်းကဆိုသည်။

ကနေဒါနိုင်ငံထုတ် အရှိန်ထိန်း တိုင်းကိရိယာ (Redflex Traffic System) သည် လက်ရှိတွင် နှစ်ခုရှိကြောင်း၊ အမြန်နှုန်း ၁၀ ကီလိုမီတာထက် ပိုမောင်းသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းသူကို ကိရိယာက မှတ်တမ်းတင်ပေးကြောင်းနှင့် ရွေ့လျားနိုင်သော ကိရိယာဖြစ်သဖြင့် ကြိုက်နှစ်သက်သည့် နေရာတွင် တပ်ဆင်၍ ရကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်ထိန်း တိုင်းကိရိယာ အသုံးပြု၍ သတ်မှတ်နှုန်း ထက်ကျော်လွန် မောင်းနှင်သော ယာဉ်များ ကို ဧပြီ ၁ ရက်တွင် စတင်အရေးယူမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ကွပ်ကဲမှုရုံးက မတ်လ ၁၂ ရက်တွင် တရားဝင်ပြောကြားခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မှ မန္တလေးအထိ အမြန် လမ်းမအရှည်မှာ ၃၃၆ မိုင် ၁ ဖာလုံရှိပြီး အဆိုပါလမ်းမပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့ စခန်း ၁၄ ခုရှိကြောင်း ယင်းအမြန်လမ်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အမြန်လမ်းရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း သည့် ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်အထိ ယာဉ်တိမ်း မှောက်မှု ၁၄၁ မှု၊ သေဆုံးသူ ကျား ၆၉ ဦး၊ မ ၂၁ ဦး စုစုပေါင်း ၉၀ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ကျား ၁၈၆ ဦး၊ မ ၁၁၈ ဦး စုစုပေါင်း ၃၀၄ ဦး၊ ယာဉ်တိမ်းမှောက်မှု ၁၄၁ မှုကို အရေးယူ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုများသည် အရှိန်ပြင်းစွာ မောင်းနှင်မှု၊ ယာဉ်မောင်းသူ အိပ်ငိုက်မှု၊ မူးယစ်သောက်စား မောင်းနှင်မှုနှင့် ယာဉ်ချို့ယွင်းမှု တို့ကြောင့်ဖြစ်ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့၏ သုံးသပ်ဖော်ထုတ်ချက် အရ သိရသည်။
TheVoiceWeeklyရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို အရှိန်ထိန်းကိရိယာဖြင့် စစ်ဆေးအရေးယူခဲ့ရာ ရှစ်ရက်အတွင်း ယာဉ်စီးရေ ၂၄၄ စီးကို အရေးယူနိုင်ခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

သတ်မှတ်နှုန်းထက် ကျော်လွန် မောင်းနှင်သော ယာဉ်များကို ဖမ်းဆီး၍ တရားရုံးတွင် တရားစွဲဆိုကာ ယာဉ်စည်း ကမ်းဒဏ်ကြေး ကျပ် ၁၅၀၀ ပေးဆောင်ပြီး မော်တော်ယာဉ်ဥပဒေဖြင့် တရားရုံးတွင် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ဒဏ်ကြေးကို တရားသူကြီးက တိုင်းဒေသကြီးပေါ်မူတည်ပြီး သတ်မှတ်ခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီတွင် ဒဏ်ကြေး ၃၁,၅၀၀ ကျပ် သတ်မှတ် ထားပြီး မန္တလေးနှင့် နေပြည်တော်တွင် ယခုအချိန်ထိ ဒဏ်ကြေးတိတိကျကျ သတ်မှတ်ခြင်း မရှိသေးကြောင်း ၄င်းက လက်ရှိဆောင်ရွက်နေသည့် အနေအထားကို ရှင်းပြသည်။
"ရန်ကုန်မှာဖမ်းတဲ့ကားကို ရန်ကုန် အင်းစိန်ယာဉ်စည်းကမ်း တရားရုံးမှာ ဒဏ်ကြေးဆောင်ရမယ်။ မန္တလေးမှာဖမ်းရင် မန္တလေးယာဉ်စည်းကမ်း တရားရုံး၊ နေပြည်တော်မှာ ဖမ်းရင် နေပြည်တော်ဇမ္ဗူသီရိ ယာဉ်စည်းကမ်းတရားရုံး တွေမှာ ဒဏ်ကြေး ပေးဆောင်ရပါမယ်" ဟု ၄င်းကဆိုသည်။

ကနေဒါနိုင်ငံထုတ် အရှိန်ထိန်း တိုင်းကိရိယာ (Redflex Traffic System) သည် လက်ရှိတွင် နှစ်ခုရှိကြောင်း၊ အမြန်နှုန်း ၁၀ ကီလိုမီတာထက် ပိုမောင်းသော မော်တော်ယာဉ်နှင့် ယာဉ်မောင်းသူကို ကိရိယာက မှတ်တမ်းတင်ပေးကြောင်းနှင့် ရွေ့လျားနိုင်သော ကိရိယာဖြစ်သဖြင့် ကြိုက်နှစ်သက်သည့် နေရာတွင် တပ်ဆင်၍ ရကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် အရှိန်ထိန်း တိုင်းကိရိယာ အသုံးပြု၍ သတ်မှတ်နှုန်း ထက်ကျော်လွန် မောင်းနှင်သော ယာဉ်များ ကို ဧပြီ ၁ ရက်တွင် စတင်အရေးယူမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ကွပ်ကဲမှုရုံးက မတ်လ ၁၂ ရက်တွင် တရားဝင်ပြောကြားခဲ့ပြီး ဖြစ်သည်။

ရန်ကုန်မှ မန္တလေးအထိ အမြန် လမ်းမအရှည်မှာ ၃၃၆ မိုင် ၁ ဖာလုံရှိပြီး အဆိုပါလမ်းမပေါ်တွင် အမြန်လမ်းရဲတပ်ဖွဲ့ စခန်း ၁၄ ခုရှိကြောင်း ယင်းအမြန်လမ်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
အမြန်လမ်းရဲတပ်ဖွဲ့ စတင်ဖွဲ့စည်း သည့် ၂၀၁၂ ခုနှစ် မေလ ၂၀ ရက်မှ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်အထိ ယာဉ်တိမ်း မှောက်မှု ၁၄၁ မှု၊ သေဆုံးသူ ကျား ၆၉ ဦး၊ မ ၂၁ ဦး စုစုပေါင်း ၉၀ ဦးနှင့် ထိခိုက် ဒဏ်ရာရရှိသူ ကျား ၁၈၆ ဦး၊ မ ၁၁၈ ဦး စုစုပေါင်း ၃၀၄ ဦး၊ ယာဉ်တိမ်းမှောက်မှု ၁၄၁ မှုကို အရေးယူ ဆောင်ရွက်ခဲ့သည်။

ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုများသည် အရှိန်ပြင်းစွာ မောင်းနှင်မှု၊ ယာဉ်မောင်းသူ အိပ်ငိုက်မှု၊ မူးယစ်သောက်စား မောင်းနှင်မှုနှင့် ယာဉ်ချို့ယွင်းမှု တို့ကြောင့်ဖြစ်ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့၏ သုံးသပ်ဖော်ထုတ်ချက် အရ သိရသည်။
TheVoiceWeekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...