ဧဒင်အချစ်ပုံပြင်: မိကျောင်းကိုက်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့သည့် ပြင်သစ်တံငါသည်

Monday 22 April 2013

မိကျောင်းကိုက်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့သည့် ပြင်သစ်တံငါသည်


Photo: မိကျောင်းကိုက်ခံရသော်လည်း အသက်ဘေးမှလွတ်မြောက်ခဲ့သည့် ပြင်သစ်တံငါသည် 
Monday ,April22 ,2013 

အသက်(၂၉)နှစ်ရှိ ပြင်သစ် နိုင်ငံသားသည် လူသူအရောက်အပေါက်နည်းသော မြစ်အတွင်း ကမ်းခြေမှ ပေ(၅၀)မျှ အကွာတွင် ရေကူးနေစဉ် တနင်္ဂနွေနေ့ ညပိုင်းက မိကျောင်းနှင့် ရင်ဆိုင် တိုးခဲ့ခြင်း ဖြစ်သည်။ 

ပြင်သစ် တံငါသည် တစ်ဦးသည် ဩစတြေးလျ မိကျောင်းတစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သွေးအလိမ်းလိမ်းနှင့်ပင် အသက်ဘေးမှ လွတ်မြောက်အောင် အားထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ငယ်ရွယ်သန်မာသည့် မိကျောင်းတစ်ကောင်သည် ဩစတြေးလျ မြောက်ဘက် ကမ်းခြေတွင် ယိုအန်း ဂလာရန် ရေကူးနေစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ပြင်သစ် နိုင်ငံသားသည် လူသူအရောက်အပေါက်နည်းသော မြစ်အတွင်း ကမ်းခြေမှ ပေ(၅၀)မျှ အကွာတွင် ရေကူးနေစဉ် တနင်္ဂနွေနေ့ ညပိုင်းက မိကျောင်းနှင့် ရင်ဆိုင် တိုးခဲ့ခြင်း ဖြစ်သည်။ ယင်းမိကျောင်းသည် အရှည်(၇)ပေမှ (၈)ပေဝန်းကျင်ထိ ရှိနိုင်ပြီး ဂလာရန်၏ ဦးခေါင်းနှင့် လည်ပင်းတို့ကို အဓိက ဦးတည် ကိုက်ခဲကာ ရေထဲနှစ်ရန် ကြိုးစားခဲ့သည်။

"သူက ကျွန်တော့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုက်ပြီး ရေထဲဆွဲချခဲ့တယ်။ ဆွဲမွှေ့ဖို့ ကြိုးစားခဲ့တယ်။ ဖြစ်သွားတာတွေက မြန်လွန်းတယ်။ အရာအားလုံးက (၅)စက္ကန့်လောက်တောင် မကြာလိုက်ဘူး ထင်တယ်။ ကျွန်တော် ပြီးတော့ လွတ်ထွက်သွားတယ်။ အဲဒါ ကျွန်တော် ကံကောင်းခဲ့တာပဲ"ဟု ငါးဖမ်းလှေပေါ် အရောက် ပြန်လာနိုင်အောင် အားထုတ်ခဲ့သည့် ဂလာရန်က ပြောဆိုခဲ့သည်။ "တကယ်လို့ ဒီထက်နည်းနည်း ပိုကြီးတဲ့ ကောင်မျိုးဆိုရင် ကျွန်တော်လည်း ရုန်းနိုင်မယ် မထင်ဘူး။ ကျွန်တော် ခုလို စကားလည်း ပြောနေနိုင်မှာ မဟုတ်တော့ဘူး"ဟုလည်း ၎င်းက ဆိုသည်။

ပြင်သစ်တောင်ပိုင်း အေဗစ်နွန်တွင် မွေးဖွားပြီး လတ်တလောတွင် ဩစတြေးလျ၌ လာရောက်နေထိုင်သော ဂလာရန်သည် မိမိကို နောက်ပြောင်နေသည်ဟု ယူဆခဲ့မိကြောင်း ငါးဖမ်းလှေ ဦးစီးမှူး ကရိတ်ဂ်ျ ဗန်လောဝစ်က နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ ဂလာရန်သည် လည်ပင်းနှင့် ခေါင်းတို့တွင် ကိုက်ရာ အများအပြားအတွက် ဆေးရုံတက် ကုသမှု ခံယူနေရသည်။ သတ္တဗေဒ ပညာရှင် တစ်ဦးဖြစ်သော ချာလီမာနိုလစ်က "တကယ်လို့ မိကျောင်းက အရှည် (၁၃)ပေလောက် ရှိတဲ့ကောင်မျိုးဆိုရင် ဂလာရန် သေချာပေါက် အသက်မရှင်ဘူး။ သေဖို့ (၁၀၀)ရာခိုင်နှုန်းပဲ"ဟု မှတ်ချက်ပြုသွားသည်။ လတ်တလောတွင် တာဝန်ရှိသူ အချို့သည် အခင်းဖြစ်ခဲ့ရာ နေရာအနီး၌ မိကျောင်းကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။ 

planetအသက်(၂၉)နှစ်ရှိ ပြင်သစ် နိုင်ငံသားသည် လူသူအရောက်အပေါက်နည်းသော မြစ်အတွင်း ကမ်းခြေမှ ပေ(၅၀)မျှ အကွာတွင် ရေကူးနေစဉ် တနင်္ဂနွေနေ့ ညပိုင်းက မိကျောင်းနှင့် ရင်ဆိုင် တိုးခဲ့ခြင်း ဖြစ်သည်။

ပြင်သစ် တံငါသည် တစ်ဦးသည် ဩစတြေးလျ မိကျောင်းတစ်ကောင်၏ တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သွေးအလိမ်းလိမ်းနှင့်ပင် အသက်ဘေးမှ လွတ်မြောက်အောင် အားထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။ ငယ်ရွယ်သန်မာသည့် မိကျောင်းတစ်ကောင်သည် ဩစတြေးလျ မြောက်ဘက် ကမ်းခြေတွင် ယိုအန်း ဂလာရန် ရေကူးနေစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အသက်(၂၉)နှစ်ရှိ ပြင်သစ် နိုင်ငံသားသည် လူသူအရောက်အပေါက်နည်းသော မြစ်အတွင်း ကမ်းခြေမှ ပေ(၅၀)မျှ အကွာတွင် ရေကူးနေစဉ် တနင်္ဂနွေနေ့ ညပိုင်းက မိကျောင်းနှင့် ရင်ဆိုင် တိုးခဲ့ခြင်း ဖြစ်သည်။ ယင်းမိကျောင်းသည် အရှည်(၇)ပေမှ (၈)ပေဝန်းကျင်ထိ ရှိနိုင်ပြီး ဂလာရန်၏ ဦးခေါင်းနှင့် လည်ပင်းတို့ကို အဓိက ဦးတည် ကိုက်ခဲကာ ရေထဲနှစ်ရန် ကြိုးစားခဲ့သည်။

"သူက ကျွန်တော့် ခန္ဓာကိုယ် အပေါ်ပိုင်းကို ကိုက်ပြီး ရေထဲဆွဲချခဲ့တယ်။ ဆွဲမွှေ့ဖို့ ကြိုးစားခဲ့တယ်။ ဖြစ်သွားတာတွေက မြန်လွန်းတယ်။ အရာအားလုံးက (၅)စက္ကန့်လောက်တောင် မကြာလိုက်ဘူး ထင်တယ်။ ကျွန်တော် ပြီးတော့ လွတ်ထွက်သွားတယ်။ အဲဒါ ကျွန်တော် ကံကောင်းခဲ့တာပဲ"ဟု ငါးဖမ်းလှေပေါ် အရောက် ပြန်လာနိုင်အောင် အားထုတ်ခဲ့သည့် ဂလာရန်က ပြောဆိုခဲ့သည်။ "တကယ်လို့ ဒီထက်နည်းနည်း ပိုကြီးတဲ့ ကောင်မျိုးဆိုရင် ကျွန်တော်လည်း ရုန်းနိုင်မယ် မထင်ဘူး။ ကျွန်တော် ခုလို စကားလည်း ပြောနေနိုင်မှာ မဟုတ်တော့ဘူး"ဟုလည်း ၎င်းက ဆိုသည်။

ပြင်သစ်တောင်ပိုင်း အေဗစ်နွန်တွင် မွေးဖွားပြီး လတ်တလောတွင် ဩစတြေးလျ၌ လာရောက်နေထိုင်သော ဂလာရန်သည် မိမိကို နောက်ပြောင်နေသည်ဟု ယူဆခဲ့မိကြောင်း ငါးဖမ်းလှေ ဦးစီးမှူး ကရိတ်ဂ်ျ ဗန်လောဝစ်က နောက်ပိုင်းတွင် ဝန်ခံခဲ့သည်။ ဂလာရန်သည် လည်ပင်းနှင့် ခေါင်းတို့တွင် ကိုက်ရာ အများအပြားအတွက် ဆေးရုံတက် ကုသမှု ခံယူနေရသည်။ သတ္တဗေဒ ပညာရှင် တစ်ဦးဖြစ်သော ချာလီမာနိုလစ်က "တကယ်လို့ မိကျောင်းက အရှည် (၁၃)ပေလောက် ရှိတဲ့ကောင်မျိုးဆိုရင် ဂလာရန် သေချာပေါက် အသက်မရှင်ဘူး။ သေဖို့ (၁၀၀)ရာခိုင်နှုန်းပဲ"ဟု မှတ်ချက်ပြုသွားသည်။ လတ်တလောတွင် တာဝန်ရှိသူ အချို့သည် အခင်းဖြစ်ခဲ့ရာ နေရာအနီး၌ မိကျောင်းကို ထောင်ချောက်ဆင်ဖမ်းရန် ကြိုးပမ်းနေကြောင်း သိရှိရသည်။

planet

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...