ဧဒင်အချစ်ပုံပြင်: “ ညအချိန်တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေနိုင်သော အရေးပေါ်ဥသြသံပါဟွန်းများအား ဆိုင်ကယ်များတွင်တပ်ဆင်၍ မောင်းနင်းနေသူလူငယ်အချို့ကြောင့်ဒေသခံများစိတ်ခြောက်ခြား စွာခံစားရလျက်ရှိ”

Saturday 20 April 2013

“ ညအချိန်တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေနိုင်သော အရေးပေါ်ဥသြသံပါဟွန်းများအား ဆိုင်ကယ်များတွင်တပ်ဆင်၍ မောင်းနင်းနေသူလူငယ်အချို့ကြောင့်ဒေသခံများစိတ်ခြောက်ခြား စွာခံစားရလျက်ရှိ”

Photo: “ ညအချိန်တွင် ပြည်သူလူထု အထိတ်တလန့်ဖြစ်စေနိုင်သော အရေးပေါ်ဥသြသံပါဟွန်းများအား
ဆိုင်ကယ်များတွင်တပ်ဆင်၍ မောင်းနင်းနေသူလူငယ်အချို့ကြောင့်ဒေသခံများစိတ်ခြောက်ခြား စွာခံစားရလျက်ရှိ”
===============================
၊မုံရွာ၊ ဧပြီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၏ အစိုးရရုံးများအခြေစိုက်တည်ရှိရာ မုံရွာမြို့ကြီးတွင် ဒေသခံပြည်သူလူထုအ များစုသည် လမ်းပန်းဆက်သွယ်မှုလွယ်ကူလျင်မြန်နိုင်စေရန် တရုတ်နိုင်ငံထုတ်မော်တော် ဆိုင်ကယ်များအားဝယ် ယူစီးနင်းလျက်ရှိရာ လူငယ်အချို့သည် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေနိုင်သော အရေးပေါ်ဥသြသံပါရှိသည့် ဟွန်းများအား ဆိုင်ကယ်တွင်တပ်ဆင်၍ ညအချိန်များတွင်သံပြိုင်တီးကာ မောင်းနင်းသွားလာနေခြင်းကြောင့် ဒေ သခံများစိတ်ခြောက်ခြားစွာ မကြာခဏဖြစ်ပေါ်လျက်ရှိကြောင်း သလ္လာမြို့သစ်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြော ကြားသည်။
“မီးဥသြမှတ်လို့ စိတ်ခြောက်ခြားစွာနဲ့ အိပ်ရာကထကြည့်မိတယ်။ လူငယ်တွေ မောင်းသွားတဲ့ဆိုင်ကယ် ကမြည်တယ်လို့ အိမ်နီးနားချင်းတွေပြောပြတော့မှ စိတ်သက်သာရာရတော့တယ်”ဟု အသက်(၇၀)ကျော် အငြိမ်း စားဝန်ထမ်းတစ်ဦးက ရတနာပုံသတင်းဌာနသို့ ပြောပြသည်။
မုံရွာမြို့ကြီးသည် ယခင်ကစက်ဘီးမြို့တော်ဟုတင်စားခေါ်ဆိုနိုင်သော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက် သည်နှင့်အမျှ စက်ဘီးအစားထိုးဆိုင်ကယ်များသုံးစွဲလာရာတွင် လူငယ်အချို့သည် နောက်ပြောင်လိုသောဆန္ဒဖြင့် ၎င်းတို့စီးနင်းလျက်ရှိသော ဆိုင်ကယ်များ၌ အရေးပေါ်ဥသြသံပါရှိသည့် ဟွန်များအားဈေးကြီးပေးကာဝယ်ယူ၍ တပ်ဆင်ထားခြင်းဖြစ်ကြောင်း ကျောင်းသားလူငယ်တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။
ပြည်သူလူထုအထိတ်တလန့်ဖြစ်နိုင်သော အရေးပေါ်ဥသြသံများပါသည့် ဟွန်းများအားတပ်ဆင်အသုံးပြု့ ၍ သံပြိုင်တီးကာ စည်းကမ်းမဲ့ယာဉ်မောင်းနင်းနေခြင်းသည် အပျော်သဘောဟုဆိုသော်လည်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲအရာရှိတစ်ဦးက “ ယာဉ်ဥပဒေနဲ့ပတ်သက်လို့တော့ အဲ့ဒီကိစ္စကငြိစွန်းနေပါ တယ်။ ဟိုအရင်တစ်နှစ်လောက်က ဒီလိုဟွန်းမျိုးတွေ ဆိုင်တင်ရောင်းရင်သိမ်းဆီးအရေးယူတာမျိုးရှိပါတယ်”ဟု ရဲအုပ် မြင့်ကျော်ဦး ဆိုသူက ရတနာပုံသတင်းဌာနသို့ မှတ်ချက်ပြု့ပြောကြားသဖြင့် သိရှိရသည်။

Monywa Times၊မုံရွာ၊ ဧပြီ ၂၀

Monywa Times

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...