ဧဒင်အချစ်ပုံပြင်: ပုသိမ်မှ ချောင်းသာသို့ သွားသော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မ ထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ၊ ကျား/မ ၁၈ ဦး ဒဏ်ရာရရှိ

Sunday 14 April 2013

ပုသိမ်မှ ချောင်းသာသို့ သွားသော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မ ထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ၊ ကျား/မ ၁၈ ဦး ဒဏ်ရာရရှိ

Photo: ပုသိမ်မှ ချောင်းသာသို့ သွားသော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မ
ထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ၊ ကျား/မ ၁၈ ဦး ဒဏ်ရာရရှိ
Sunday, April 14, 201

ဧပြီလ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့က ပုသိမ်မှ ချောင်းသာသို့သွားသော လိုက်ထရပ်စ်ယာဉ်တစ်စီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ပုသိမ်မှချောင်း
သာသို့အသွား ၂၅မိုင်အကွာ ခြောက်ကောင်ကျေးရွာအနီး၌ချောက်ထဲထိုး
ကျသွားရာ ခရီးသည် ကျား/မ ၁၈ဦး ဒဏ်ရာရရှိသွားကြောင်း၊ ချောင်းသာ
သို့ သွားရောက်အပန်းဖြေလိုသူများ စုပေါင်းငှားရမ်းလာသော ကားဖြစ်နိုင်
ကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦး
က ပြောသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို ချောင်းသာဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး ယခုယာဉ်တိမ်းမှောက်မှုတွင် အသေအပျောက် မရှိသေးကြောင်း သိရသည်။

အဆိုပါသတင်းကိစ္စကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး
ရုံးသို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားမည့်
သူမရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...