ဧဒင်အချစ်ပုံပြင်: Boston ဗုံးပေါက်ကွဲမှုမြင်ကွင်း

Monday 15 April 2013

Boston ဗုံးပေါက်ကွဲမှုမြင်ကွင်း

အမေရိကန် ပြည်ထောင်စု၊ မန်ဆာချုးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ ဗုံး၃လုံး၊ နေရာ ၂ နေရာကွဲပြီး အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအ၀င်လူ ၃ဦးသေဆုံး၊ လူ၁၀၀ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အမေရိကန် သမ္မတက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မိန့်ခွန်းတိုပြောကြားရာမှာ ဘယ်လိုလူမျိုးက ဘာ့အတွက် ဒီလိုလုပ်တယ်ဆိုတာ မသိသေးပေမယ့် လက်သည်ကို အမြန်ဆုံး ဖော်ထုတ်အရေးယူသွားဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ရဲတွေကတော့ အခုလက်ရှိ အချိန်အထိ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးအရေးယူထားတာ လူတယောက်မှ မရှိသေးကြောင်း ဆိုပါတယ်။

ပထမဗုံး၂လုံးဟာ ဘော်စတွန် မာရသွန်ပြိုင်ပွဲ ပန်းဝင်ခါနီးနေရာမှာ ဆက်တိုက်ကွဲလို့အသက်(၈)နှစ်အရွယ် ခလေးငယ်တစ်ဥိး အပါအ၀င် လူ၃ဦး သေဆုံးခဲ့ပြီး နောက်တလုံးကတော့ စာကြည်တိုက်မှာ ကွဲခဲ့တာပါ။ ဒဏ်ရာရရှိသူတွေထဲမှာလည်း ၁၀ယောက်ကျော်လောက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်းလဲ သိရပါတယ်။

မာရသွန်ပန်းဝင်ခါနီး ဗုံးပေါက်ကွဲမှုမြင်ကွင်းကို မှတ်တမ်းရိုက်ကူးလိုက်နိုင်တဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုမြင်ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။from-DVB

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...