ဧဒင်အချစ်ပုံပြင်: ဖုန်းခေါ်သူဘက်မှ ကြားရမည့် သီချင်းသံဝန်ဆောင်မှု ၁၅၀၀ တန်ဖုန်းများ၌ အသုံးပြုနိုင်

Saturday 4 May 2013

ဖုန်းခေါ်သူဘက်မှ ကြားရမည့် သီချင်းသံဝန်ဆောင်မှု ၁၅၀၀ တန်ဖုန်းများ၌ အသုံးပြုနိုင်

ဖုန်းခေါ်ဆိုသူဘက်မှ စောင့်ဆိုင်းနေစဉ် အတွင်းတွင် ကြားရမည့် သီချင်းသံ ဝန်ဆောင်မှုကို ကျပ် ၁၅၀၀ တန် CDMA-800 MHz 3G ဖုန်းများ၌ သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုဝန်ဆောင်မှုတွင် မြန်မာသီချင်း၊ အင်္ဂလိပ်သီချင်း၊ တိုင်းရင်းသားသီချင်းများ သုံးစွဲနိုင်ပြီး ထိုတေးသီးချင်းများ သုံးစွဲနိုင်ရန် မိုဘိုင်းဖုန်း အသုံးပြုသူဘက်မှ
လစဉ်ဝန်ဆောင်ခ ငွေကျပ် ၂၀၀၀ ကုန်ကျမည်ဖြစ်ပြီး တေးသီချင်းတစ်ပုဒ်လျှင် ငွေကျပ် ၃၀၀ ကုန်ကျမည်ဟု သိရသည်။ ထိုဝန်ဆောင်မှုကို www.myhellomusic.com.mm တွင် ဖော်ပြထားပြီး Call Center ဖုန်း ၁၂၁၂ သို့ ခေါ်ဆိုမေးမြန်းနိုင်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...