ဧဒင်အချစ်ပုံပြင်: အဓိပ္ပာယ်ရှိသော မွေးနေ့ကို ဖြတ်သန်းမယ့် ရွှေမှုန်ရတီ

Saturday 4 May 2013

အဓိပ္ပာယ်ရှိသော မွေးနေ့ကို ဖြတ်သန်းမယ့် ရွှေမှုန်ရတီ

ယခုနှစ် ကျရောက်သော မွေးနေ့သည် သူ့အတွက် အဓိပ္ပာယ် ရှိသော မွေးနေ့ဖြစ်ကြောင်း သရုပ်ဆောင် ရွှေမှုန်ရတီ က ပြောသည်။ မေလ ၁၆ ရက်နေ့မှာ ကျရောက်မည့် မွေးနေ့ ကိုပြုလုပ်ဖို့ မိသားစုနှင့် တိုင်ပင်နေ တုန်းဖြစ်ကြောင်း၊ အရင်နှစ်တွေ ထက်စာရင် ဒီနှစ်က သူ့ရဲ့အဓိပ္ပာယ် ရှိတဲ့ မွေးနေ့ဖြစ်ကြောင်း ရွှေမှုန်ရတီ ကပြောသည်။

”သေချာတာ တစ်ခုကတော့ မိသားစုနဲ့ တစ်ညလုံးအချိန် ဖြုန်းဖြစ် ဖို့များတယ်။ အရင်နှစ် မွေးနေ့တွေတော့ မလုပ်ဖြစ်ဘူး။ ဒီနှစ်မွေးနေ့က ရွှေမှုန် ရဲ့အဓိပ္ပာယ်ရှိတဲ့ မွေးနေ့လေးပါ။ လိုချင်တဲ့ လက်ဆောင်တော့ မရှိပါ ဘူး။ အဓိက ကတော့ မွေးနေ့မှာ ပျော်ချင်နေတာပဲ သိတယ်”ဟု ၄င်းကဆိုသည်။
လတ်တလောမှာ ရွှေမှုန်ရတီက ဒါရိုက်တာ ကိုပေါက်၏ ‘ကောင်းကင်ကြေကွဲ’ ဇာတ်ကားကို မြင့်မြတ်နှင့် အတူ သရုပ်ဆောင် နေပြီး ရောဂါသည် တစ်ယောက်အဖြစ် သရုပ်ဆောင် ထားသည်။ လတ်တလော မှာ ထွက်ရှိထားသည့် လူမင်းနှင့် အတူ ပါဝင် သရုပ်ဆောင်ထားသော ‘ကလေး ချစ်’ ဇာတ်ကား အဝတ်စား ပုံစံနှင့်ပတ်သက်ပြီး ရွှေမှုန်ရတီက ”ရွှေမှုန် ဒီကားလေးမှာ ဘောင်းဘီ အတိုဝတ်တာက ပရိသတ်တွေ အမြင်မှာ မရိုင်းအောင် ကြိုးစားပြီး လုပ်ထားတယ်။ အတိုတွေ ဆိုပေမယ့် မရိုင်းတဲ့ ပုံစံမျိုး တွေပဲပြင်ဆင်ထားတယ်။ ဆံပင် ဆိုလည်း အနက်ရောင် ဖြစ်အောင် ရွှေမှုန်လုပ်ထားတယ်” ဟုဆိုသည်။
တွယ်တာ
popularmyanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...