ဧဒင်အချစ်ပုံပြင်: "ဖြူဖြူကျော်သိန်း ဖေ့ဘွတ်မသုံးပါ"

Saturday 4 May 2013

"ဖြူဖြူကျော်သိန်း ဖေ့ဘွတ်မသုံးပါ"

Photo: "ဖြူဖြူကျော်သိန်း ဖေ့ဘွတ်မသုံးပါ"

လတ်တလော အသုံးများဆုံးသော လူမှုကွန်ယက်တစ်ခုဖြစ်သည့် facebook ကိုတေးသံရှင် ဖြူဖြူကျော်သိန်းအနေဖြင့် လုံးဝအသုံးမပြုကြောင်း သိ၇သည်။ အွန်လိုင်းတွင် ဖြူဖြူကျော်သိန်း 
အမည်ဖြင့် အကောင့်များရှိသော်လည်း အဆိုပါအကောင့်များမှာ ဖြူဖြူကျော်သိန်း၏ ချစ်သော ပရိတ်သတ်များက ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 

"ဖြူဖြူက သတင်းတွေ ကြည့်ချင်ရင်တော့ မမညို ရဲ့အကောင့်နဲ့ ဝင်ကြည့်ဖြစ်တာမျိုး၊ အီးမေးလ်သုံးတာမျိုးလောက် လုပ်ဖြစ်ပါတယ်။ Facebook ကိုတော့ လုံးဝမသုံးဖြစ်ဘူး၊ အခုရှိနေတဲ့ အကောင့်တွေက လည်း ဖြူဖြူမဟုတ်ပါဘူး.. ပရိတ်သတ်တွေက ချစ်လို့ ကိုယ့်နာမည်နဲ့ လုပ်ပေးထားတာရှိတယ်။ အဲဒီကောင့်ဆို၇င် တကယ်ဖြူဖြူအစစ်လိုပဲ ဖြူဖြူရဲ့ တနေ့တာအချိန်ကလေးကအစ ဆွဲထားတာရှိတယ်။ ဒါက အခုဘာမှမဖြစ်သေးပေမယ့် ကြာလာ၇င် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ပါ။ ဖြူဖြူ လုံးဝ ဖေ့ဘွတ်မသုံးပါဘူး၊ ဖြူဖြူနာမည်အကောင့် နဲ့ ပြောတာကလည်း ဖြူဖြူရေးတာတွေမဟုတ်ဘူး ဆိုတာ ပရိတ်သတ်ကြီးကို သိစေချင်ပါတယ်။" ဟု ဖြူဖြူကျော်သိန်း က ပေါ်ပြူလာမှတစ်ဆင့် ပြောကြားခဲ့သည်။

ရဲရဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...