ဧဒင်အချစ်ပုံပြင်: ဘဝကို စိန်ခေါ် ပြီး မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားနေသူ စုပုံချစ်

Monday 27 May 2013

ဘဝကို စိန်ခေါ် ပြီး မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားနေသူ စုပုံချစ်

Photo: ဘဝကို စိန်ခေါ် ပြီး မသန်စွမ်းသူများ အခွင့်အရေးလှုပ်ရှားနေသူ စုပုံချစ်
Monday, May 27, 2013

“ကျွန်မက စာသင်ချိန်မှာ ခြေထောက်နဲ့ပဲ သင်ပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ ကျွန်မမှာ က ဘယ်ဘက်ခြေထောက်တစ် ချောင်းပဲ ကောင်းလို့ပါ။ ကျွန်မ ၅တန်းလောက်အထိ ပြဿနာ မရှိခဲ့ပါဘူး။ ခွဲခြားပြီးလည်း ဆက်ဆံမခံခဲ့ရပါဘူး။ ၆တန်း နှစ်မှာ စပြီးတော့ တွေ့ရပါပြီ။ အတန်းထဲမှာ 
၁ မှ ၁ဝအထိ အဆင့်ဝင်တဲ့သူတွေ ကွန်ပျူတာ ခန်းသွားရမယ်။ ဝန်ကြီးလာရင်လည်း နှုတ်ဆက်ရမယ်ဆိုတော့ သမီးလည်း မတ်တတ်ရပ်တာ
ပေါ့။ ဒါပေမဲ့ သမီးမပါခဲ့ရဘူး။ ဒါနဲ့ အဖေ့ကို ကျောင်းကို ပြော ခိုင်းတော့ ပါရမယ်။ နောက် တစ်ခေါက် တက်ရမယ်ဆိုပြီး မပါခဲ့ရပါဘူး။ နောက်ပြီး ကြား ရတာက မင်္ဂလာယူတဲ့အချိန် မှာ အမင်္ဂလာပါ ဘာလို့ထည့်ရ မှာလဲလို့ အပြောခံခဲ့ရပါတယ်။ အခုခေတ် မှာ မသန်စွမ်းတွေကို အမြင် ပြောင်းသင့် ပါပြီ။ ပြီး တော့အားလုံးသော အဖွဲ့အစည်း တွေက ပညာရေးကို လုပ်တဲ့ အခါမှာ မသန်စွမ်းတွေလည်း ရှိပါသေးလားဆိုတာကို တွေး ပေး ဖို့ ပြော ချင်ပါတယ်”

အထက်ပါ စကားကို ပြော ဆိုခဲ့ သူမှာ အသက် ၂၅ နှစ် အရွယ် မွေးရာပါ ကိုယ်ခန္ဓာ မသန်စွမ်းသူလေး မစုပုံချစ်ဖြစ် သည်။ ၂ဝ၁၂ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ သမိုင်း မြို့မစာသင်တိုက်တွင်MDG Focus (သြစတေးလျ)နှင့် အသောက ဖောင်ဒေးရှင်းတို့မှ စီစဉ်ကျင်းပသည့် ‘မြန်မာ့ ပညာ ရေးနှီးနှောဖလှယ်ပွဲ’ တွင် ပြော ဆိုခဲ့ခြင်းဖြစ်သည်။

ငယ်ဘဝနှင့် စုပုံချစ်

မွေးရာပါလက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့ရသူ မစုပုံချစ် ကို ၁၉၈၉ ခုနှစ်၊ စက်တင်ဘာလ ၅ရက်နေ့တွင် ဒေါက်တာအုန်း ကျော်နှင့် ဒေါ်ခင်ဆွေလဲ့ တို့မှ မွေးဖွားခဲ့သည်။ တက္ကသိုလ်ဝင် တန်းစာမေးပွဲကို ၂ဝဝ၅ခုနှစ် တွင် အောင်မြင်ခဲ့ပြီး သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒနှင့်ဇီဝဗေဒ ဘာသာရပ်တို့ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၂ဝ၁ဝခုနှစ် တွင် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် (လှိုင် သာယာ)မှ B.Tech (IT)နှင့် B.E(IT) ဘွဲ့ကိုရရှိခဲ့သည်။ ယင်း နောက်သတင်းနှင့် နည်းပညာ အင်ဂျင်နီယာ
မဟာတန်း ပထမ နှစ်ကို တက်ရောက်နေစဉ် ၂ဝ၁၃ ခုနှစ် သြစတြေးလျနိုင်ငံ အစိုးရ ၏ ရာနှုန်းပြည့် ပညာသင် ထောက်ပံ့မှုဖြင့် မူဝါဒပိုင်းဆိုင်ရာ ဘာသာရပ်အတွက် မဟာတန်းကို သြစတြေးလျနိုင်ငံ၌ ပညာဆည်း
ပူးေ နပြီဖြစ်သည်။

သြစတြေးလျရောက် စုပုံချစ်

မစုပုံချစ်သည် ၂ဝ၁၃ခု နှစ်၊ ဖေဖော်ဝါရီ ၂ဝရက်နေ့တွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ University of New South Wales တွင် တစ်နှစ်နှင့် ရှစ်လကြာ ပညာသင်ကြားရန် မြန်မာ နိုင်ငံမှ ထွက်ခွာသွားခဲ့သည်။ စုပုံချစ်သည်Master of Policy Studies ကိုသင်ယူရ မည် ဖြစ်ပြီး မူဝါဒပိုင်းနှင့် ပတ်သက် သော ဘာသာရပ် ရှစ်ခုပါဝင်သည်။ သူသည် မြန်မာနိုင်ငံ မသန်စွမ်းကျောင်းသား၊
ကျောင်း သူများအနက် ပထမဆုံးအကြိမ် နိုင်ငံခြားပညာသင်ဆုရရှိခဲ့သူ တစ်ဦးလည်းဖြစ်သည်။သူ မူဝါဒဘာသာကိုလေ့လာသင်ယူရခြင်းမှာ မသန်စွမ်းသူများ၏ ရပိုင်ခွင့်များ၊ ဥပဒေများကို သိရှိနားလည်နိုင်ရန်နှင့် မသန်စွမ်းသူ များ၏အခွင့်အရေးများနှင့် ရပိုင် ခွင့်များကို လေ့လာနိုင်ရန်
တို့ ကြောင့်ဖြစ်ကြောင်းပြောခဲ့သည်။နိုင်ငံတော်သမ္မတကြီးနှင့်စုပုံချစ် သြစတြေးလျ နိုင်ငံသို့ အလည် အပတ်ရောက်ရှိခဲ့သော ပြည်ထောင်စု
သမ္မတ မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်း စိန် သည် ၂ဝ၁၃ခုနှစ်၊မတ်လ 
၁၈ ရက်နေ့ ညနေပိုင်းတွင် သြစ တြေးလျပညာသင်ဆုရရှိသော မြန်မာ
ပညာသင်များအား ရင်း ရင်းနှီးနှီး တွေ့ဆုံနှု တ်ဆက်ရာတွင် စုပုံချစ်လည်း တစ်ဦးအပါ အဝင်ဖြစ်ခဲ့သည်။

ထူးချွန်ဆုများနှင့် စုပုံချစ်

စုပုံချစ်သည် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းတွင် အလုပ်အမှုဆောင် အဖြစ်ဆောင်ရွက်ခဲ့သည့်အပြင် အခြားမသန်စွမ်း
သူများ အသင်း အဖွဲ့များသို့ သွားရောက်၍လည်း စိတ်ဓာတ်မြှင့်တင်ရေး အကြောင်း ဟောပြောပို့ချမှု များရှိခဲ့သည်။သူမ၏ မဆုတ် မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြံ့ခိုင်သော စိတ်ဓာတ်တို့ကို ဂုဏ်ပြုသောအားဖြင့် ဆုတံဆိပ် များစွာ ရရှိခဲ့သည်။ စိတ်ဓာတ် ကြံ့ခိုင်ထူးချွန် ဆု ၂ဝဝ၁ခုနှစ် (မြန်မာအမျိုး သမီးများနေ့ အခမ်းအနား)၊ အထင်ပေါ်ဆုံး ကျောင်းသူဆု (၂ဝဝ၁ခုနှစ်၊ မြန်မာ့သွင်ပြင် အိုင်တီလူငယ့်အမြင်ပြပွဲ)၊ ဆယ်စုနှစ်
ထူးချွန်ဆု ကျောင်း သူ (၂ဝဝ၄ ခုနှစ်)၊ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)၊ပထမတန်းမှ တက္ကသိုလ်ဝင်တန်းအထိ အတန်းစဉ်ဆုပေါင်း ၅ဝကျော် ရရှိခဲ့သူဖြစ်သည်။

popular myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...