ဧဒင်အချစ်ပုံပြင်: ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၅၀၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၆၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၊ မုန်တိုင်းဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်း မိုင် ၅၀ မှ ၆၀ အထိရှိနေ

Sunday 12 May 2013

ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၅၀၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၆၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၊ မုန်တိုင်းဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်း မိုင် ၅၀ မှ ၆၀ အထိရှိနေ

Photo: ဆိုင်ကလုန်းမဟာစင် ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၅၀၊ ပုသိမ်မြို့၏ အနောက်တောင်ဘက်မိုင် ၆၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၊ မုန်တိုင်းဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်း မိုင် ၅၀ မှ ၆၀ အထိရှိနေ
Sunday, May 12, 2013

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက်တောင်ဘက် မိုင် ၄၅၀ ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၃၉၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်တွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျင် မိုင် ၅၀ မှ ၆၀ အကြားရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်သည်။

မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင် အဆင့်သာဖြစ်ပြီး မေလ ၁၄ ရက်နေ့ နံနက်မှစပြီး အရှေ့မြောက်ဘက်သို့ ကွေ့လျက် မေလ ၁၆ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း ဒေသမြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကမ်းခြေ ဒေသများသို့ ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း သိရှိရသည်။

မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ် ရှောင်ရှားနိုင်ရန်လည်း နှိုးဆော်ထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဆိုင်ကလုန်း မဟာစင်သည် မေလ ၁၃ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၄ ရက်နေ့တွင် category 1 အဆင့်၊ မေလ ၁၅ ရက်နေ့တွင်လည်း category 1 အဆင့် ရှိနိုင်ကာ မေလ ၁၆ ရက်နေ့တွင်မူ category 2 အဆင့်သို့ ရောက်ရှိနိုင်သည်ဟု Tropical Storm Risk(TSR) က ခန့်မှန်းထားပြီး မုန်တိုင်းဝင်ရောက်ရာ လမ်းကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဟု ပြဆိုထားသည်။

အပူပိုင်းမုန်တိုင်း 01B မဟာစင်ဟု အမည်ပေး မုန်တိုင်းဖြစ်လာသည့် မေလ ၁၁ ရက်နေ့မှ လာမည့်ရက် အနည်းငယ်အတွင်း ကုန်းမြေသို့ သက်ရောက်မှု ဖြစ်ပေါ်မည်ဖြစ်ပြီး ယင်း၏ ဦးတည်ရာ လမ်းကြောင်းအရ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ လူဦးရေ သန်းချီကာ လူမှုဘ၀ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်ကာ မြန်မာနိုင်ငံပင်လျင် သက်ရောက်မှုများ ကြုံ တွေ့နိုင်သည်ဟု accuweather.com ၌ သတင်းထုတ်ပြန်ထားသည်။

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...