ဧဒင်အချစ်ပုံပြင်: ကျားရှေ့ မှောက်တဲ့ ဆီသယ်ယာဉ် ....

Tuesday 14 May 2013

ကျားရှေ့ မှောက်တဲ့ ဆီသယ်ယာဉ် ....

Photo: ကျားရှေ့ မှောက်တဲ့ ဆီသယ်ယာဉ် ။
Tuesday, May 14, 2013

၁၄-၅-၁၃ နေ့ နံနက်(၁၀း၁၀)နာရီ ခန့်က မန္တလေး - စစ်ကိုင်း လမ်း ၊ အမရပူရ ရဲစခန်း ရှေ့ မှာ စက်သုံးဆီ သယ်ဆောင်လာတဲ့ Light Truck (၈ဈ / ………..) အဖြူရောင် ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပါတယ် ။

မန္တလေးဘက်မှ စက်သုံးဆီများ သယ်ဆောင် မောင်းနှင်လာရာက ရဲစခန်းရှေ့ အရောက်မှာပဲ ကားရဲ့ နောက်ဘီး (ဘယ်ဘက်ဘီး) ကျွတ်ထွက်ပြီး တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ယာဉ်တိမ်းမှောက်မှု ကို ရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များနဲ့ ရပ်ကွက်နေပြည်သူတွေက မီးအန္တရာယ် မဖြစ်ရေး အတွက် ဝိုင်းဝန်း ကူညီခဲ့ကြပါတယ် ။ ဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်း နဲ့ အဖော်(၁)ဦး ဟာ ထိခိုက် ဒဏ်ယာ အနည်းငယ် ရရှိခဲ့ပြီး အမရရွှေကူ လူနာတင်ယာဉ် နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

ဒိုးကြီး
မြန်မာဓိက

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...