ဧဒင်အချစ်ပုံပြင်: ခွေးရူးအကိုက်ခံရ၍ လူ ၃ ဦး သေဆုံး

Thursday 2 May 2013

ခွေးရူးအကိုက်ခံရ၍ လူ ၃ ဦး သေဆုံး

၃၀-၄-၂၀၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂရုကျေးရွာ၌ ခွေးရူး အကိုက်ခံရ၍ လူကြီး(၂)ဦးနှင့် ကလေး(၁)ဦး သေဆုံးကြောင်းသတင်းအရ မြင်းမူရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ ၎င်းကျေးရွာနေ ဦးချစ်ရွှေ(၇၂)နှစ်၊
ဦးချစ်ရွှေ၏ဇနီး ဒေါ်ခင်ရွှေ(၇၃)နှစ်နှင့် မြစ်တော်စပ်သူ မောင်ပြည့်ဖြိုးဝေ(ခ)ပြေတီဦး(၄)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးချက်အရ မောင်ပြည့်ဖြိုးဝေ(ခ)ပြေတီဦးအား ၂၅-၄-၂၀၁၃ ရက်နေ့တွင်လည်းကောင်း၊ ဦးချစ်ရွှေနှင့် ဒေါ်ခင်ရွှေတို့အား ၂၆-၄-၂၀၁၃ ရက်နေ့တွင်လည်းကောင်း ယင်းတို့မွေးထားသော ခွေးရူးရောဂါ ဖြစ်နေသည့်ခွေးမှကိုက်ခဲ့သဖြင့် မောင်ပြည့်ဖြိုးဝေ(ခ)ပြေတီဦးသည် ၂၉-၄-၂၀၁၃ ရက်နေ့ ၁၆၀၀ အချိန်၊ ဒေါ်ခင်ရွှေသည် ၂၀၀၀ အချိန်နှင့် ဦးချစ်ရွှေသည် ၂၁၀၀ အချိန်တို့တွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်းမူမြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောချောင်းဦးရဲစခန်းမှ တပ်ဖွဲ့ဝင်များက အဆိုပါခွေးရူး ကိုက်မိ ခဲ့သည့် အခြားခွေးများကို သုတ်သင်ရှင်းလင်းခဲ့ကြောင်းနှင့် ခွေးရူးရောဂါဆက်လက်ပြန့်ပွားမှုရှိ/မရှိ စောင့်ကြည့်လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...