ရုပ်ရှင်ဇာတ်ကား
ရိုက်ကူးရေးမှာလိုအပ်တဲ့ စက်ပစ္စည်းတွေကို ငှားရမ်းဖို့အတွက် ACE Warehouse
ကုမ္ပဏီကိုထူထောင်လိုက်တဲ့ ကျော်ကျော်ဗိုက သူတို့ကုမ္ပဏီမှရုပ်ရှင်ဇာတ်ကားလည်း ထုတ်လုပ်ရိုက်ကူးသွားမှာဖြစ်ကြောင်းနဲ့ အခုအခါ စာရေးဆရာ လှသောင်းရေးတဲ့ မြန်မာနိုင်ငံ၏ ကမ္ဘာ့ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး
စာအုပ်ကိုဝယ်ယူရန် စကားဆိုထားပြီးဖြစ်ကြောင်း ပြောပါတယ်။
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) ပုံဖော်အသက်သွင်း ဖန်တီးမယ့်ဇာတ်ကားအကြောင်းနဲ့
ဒီဝတ္ထုကို ဝယ်ယူဖြစ်သွားပုံကို ကျော်ကျော်ဗိုက" ဒီကိစ္စက မြန်မာ နိုင်ငံမှာတကယ့်ကို ဦးဦးဖျားဖျား ကြီးဖြစ်ခဲ့တဲ့ကိစ္စဖြစ်တော့ စိတ်ဝင် စားတယ်။ ဒီဟာကိုဖန်တီးမှုတစ်ခု
အဖြစ်အသက်သွင်းမယ် ဆိုရင်လည်း ကမ္ဘာမှာ မြန်မာတွေ ဒီလိုမျိုး ရိုက် ကူးခဲ့ပါလားဆိုပြီးဖြစ်မယ်။အဲဒါ ကြောင့်ဝယ်ပြီးရိုက်ဖြစ်တာပါ" လို့ပြောပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီး ကို ရိုက်ကူးဖို့အတွက် တတ်သိနား လည်တဲ့ပညာရှင်တွေနဲ့ တိုင်ပင်ဆွေး နွေးဖြစ်တာကိုကျော်ကျော်ဗိုက "အခက်အခဲတွေကတော့ နေရာ တိုင်းမှာရှိမှာပါပဲ။
ဘာပဲဖန်တီး ဖန်တီး၊ဘာပဲလုပ်ကိုင် လုပ်ကိုင်ခက်ခဲ ထစ်ငေါ့တာကရှိကြစမြဲပါပဲ။ အနည်း နဲ့အများပဲ ကွာတာပါ။ အဲဒါတွေကို ရင်ဆိုင်ဖို့လည်းကြိုပြီးတော့ ပြင်ဆင် ထားပါတယ်။
နည်းပညာအခက် အခဲ၊ရိုက်ကူးမှုအခက်အခဲကိစ္စတွေ ကိုလည်းတတ်သိနားလည်တဲ့ လူတွေ နဲ့ ပြင်ဆင်နေကြပါတယ်။ ဒီကိစ္စက ပြီး ပြီးရောလုပ်လို့မရတဲ့ ကိစ္စဖြစ်တဲ့ လို့ဘက်စုံထောင့်စုံကနေ စီစဉ်ပြီး မှသေသေချာချာလုပ်မှဖြစ်မှာပါ။ဖန်တီးဖို့ရည်ရွယ်ပြီးတော့ ပဲဒီဝတ္ထု ကိုဝယ်ထားတာဆိုတော့ ဘယ်တော့ လောက်ရိုက်ဖြစ်မယ်ဆိုတာတော့
အတိအကျပြောလို့မရပါ ဘူး။
ဒီဇာတ်ကားနဲ့လိုက်ဖက်မယ့်သရုပ် ဆောင် တွေကိုလည်းညှိ နှိုင်းရွေးချယ်သွား မှာပါ။ကုန်ကျစရိတ်ကလည်း တွက်ချက်နေတုန်းပါပဲ"လို့ပြောပါ တယ်။"
မြန်မာနိုင်ငံ၏ကမ္ဘာ့ပထမ ဆုံးလေယာဉ်ပြန်ပေးဆွဲမှုကြီး" စာအုပ်တွင်ဖြစ်စဉ်၌ ကိုယ်တိုင်ပါ
ဝင်ခဲ့သူဦးစောကျော်အေးနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီးစာရေး ဆရာ လှသောင်း ကမြန်မာ့သမိုင်းတွင် ကြုံ တောင့် ကြုံခဲဖြစ်ရပ် တစ်ခုကိုလူငယ် တွေသိရှိစေဖို့ ပြန်လည်ဖော်ထုတ်
ရေးသားထားပါတယ်။ ၁၉၅၄ခုနှစ်၊ ဇွန်လ ၂၆ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ် ပွားခဲ့တဲ့ကမ္ဘာ့ပထမဆုံးလေယာဉ် ပြန်ပေးဆွဲမှုဖြစ်တဲ့အကြောင်းကို စာရေးသူကပြန်လည်မှတ်တမ်းရေး ဖွဲ့ထားတာဖြစ်ပြီးစာရေးသူက" စာအုပ်အနေနဲ့ပရိသတ်သိသူနည်းပြီး ရုပ် ရှင်ကျတော့အများကြီးကြည့်လို့ရ
တာမို့လူသိပိုများတယ်။
ဒီဇာတ် လမ်းကကမ္ဘာမှာပထမဆုံးလေယာဉ် ပြန်ပေးဆွဲမှုဆိုတော့ အင်မတန်မှဆန်း ပြားတယ်။နိုင်ငံရေးနဲ့လည်းသွားပြီး ရောယှက်နေတယ်။ပြည်တွင်းစစ် ကြီးကတရားခံပေါ့။အဲဒီကနေမငြိမ်း ချမ်းသေးတာအခုထိပေါ့။ ငြိမ်းချမ်း ရေးကကျွန်တော်တို့တိုင်း ပြညအတွက်လည်းအ
ဘက် ဘက်ကအများကြီး ဖွံ့ဖြိုးအောင်လုပ်လို့ ရတာ ပေါ့။ ကြည့်လိုက်တာနဲ့ ငြိမ်းချမ်းရေးက လိုသေးပါလားလို့ သိသွားရင်လည်း ကျွန်တော်တို့ ပြော ချင်တာတစ်ခုက အောင်မြင်ပါလား ပေါ့" လို့ပြောပါ တယ်။
ခိုင်ဝေလွင်

No comments:
Post a Comment