ဧဒင်အချစ်ပုံပြင်: အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်မှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း တိုင်တန်း၍ဖမ်းဆီးအရေးယူ

Friday 24 May 2013

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်မှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း တိုင်တန်း၍ဖမ်းဆီးအရေးယူ

ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်းသည် ၄.၅.၂၀၁၃ ရက်နေ့
နံနက် ၀၂၀၀ အချိန်နေအိမ်တွင်ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ်များသို့ အပြန်အလှန်ဝင်ထွက်သွားလာနေသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည်
သူမ၏ချစ်သူ သားသား(ခ)မျိုးသန့် (တပ်ကြပ်ကြီး တင့်အောင်ဝင်း နှင့်လည်းရင်းနှီးသူ) မှာ မူးနေ၍

သွားရောက် ခေါ်ရန်ဖုန်းဖြင့်ဆက်သွယ်ပြောဆိုကာ ခေါ်သဖြင့် ပုဇွန်တောင်မြို့နယ် မှ သာကေတမြို့နယ်၊ ရှုခင်းသာ လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အငှား ယာဉ်ဖြင့်လိုက်ပါလာခဲ့ရာ တည်းခိုခန်းသို့ရောက်ရှိစဉ် မ------၏ချစ်သူမှာအပေါ်ထပ်အခန်းတွင် ရှိနေကြောင်းပြောဆိုခေါ်ယူပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်း အတွင်းအရောက် သူမ၏ချစ်သူ မရှိကြောင်း သိရသဖြင့်ပြန်မည်ပြုရာ တပ်ကြပ်ကြီး တင့်အောင်ဝင်းမှ လက်အားလိမ်ချိုးကာ ဆောင့်တွန်းခဲ့၍ ဦးခေါင်းနှင့်အုတ်နံရံတို့တိုက်မိကာ ခေါင်းမူးသွားစဉ် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး သားသား(ခ) မျိုးသန့်အားပြန်ပြောလျှင် သတ်ပစ် မည်ဟုပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း မ------ မှ
အရေးယူပေးရန် အချင်းဖြစ်ပြီးရက် ၂၀ ကြာမှတိုင်စာဖြင့် တိုင်တန်း
သဖြင့် တပ်ကြပ်ကြီး တင့်အောင်ဝင်းအား သာကေတမြို့မရဲစခန်း (ပ)၂၇၇/၂၀၁၃၊ပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီးအရေးယူ ထားရှိပါသည်။

ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည် ပြည်သူကို ဥပဒေနှင့်အညီ ကိုယ်တိုင်စောင့်ရှောက်ရမည့်တာဝန်ရှိ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာ ကိုစောင့်ထိန်းမှုမရှိသောကြောင့် ရဲစည်းကမ်း
ထိန်းသိမ်းရေးဥပဒေအရထိရောက်စွာပြစ်ဒဏ်ချမှတ်ဆောင်ရွက် သွားမည့်အပြင်နယ်ဘက်ဥပဒေဖြင့်လည်း ထိရောက်သောပြစ်ဒဏ် ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...