မေ ၂၁ ရက် နံနက် ၁ဝ နာရီခန့်က ထိုင်းနိုင်ငံမှ တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ် ထီးခီး နယ်စပ် 
ကုန် သွယ်ရေး စခန်းသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ လှဘော်လီမြို့ ဇွန်ဖွီ
 မြို့နယ်ခွဲ ဒန်တက် တထို ကျေး ရွာနေ မစ္စတာ တာဟူး ၅၇ နှစ်နှင့် ဇနီးဖြစ်သူ 
မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးသည် ထီးခီး စစ်ဆေးရေးဂိတ် အ နီး ၌ 
မြန်မာငွေနှင့် ထိုင်းဘတ် ငွေလဲလှယ်ရန် ဆောင်ရွက် နေစဉ် မသင်္ကာ သဖြင့် 
ထီးခီး ကုန် သွယ်ေ ရး စခန်း တာဝန်ကျ အဖွဲ့က ခေါ်ယူ စစ်ဆေးခဲ့ရာ မစ္စတာ 
တာဟူးနှင့် အတူ ပါလာသော အညိုရောင် ချည် ထည်ဖြင့် ရက်လုပ် ထားသည့် 
ရှမ်းလွယ်အိတ် အတွင်းမှ မြန်မာ ငွေစက္ကူ အတု ၁ဝဝဝ ကျပ်တန် ၁ဝဝ ရွက်၊ ၅ဝဝဝ 
ကျပ်တန် ၁၉၄ ရွက်တို့အား စစ်ဆေး တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက် အရ ၎င်းတို့ နှစ်ဦးသည် ထိုင်းနိုင်ငံမှ ထီးခီး နယ်စပ် ကုန်သွယ်ရေး 
စခန်းသို့ ကုန် အရောင်း အ ဝယ် ကိစ္စလေ့လာရန် လာရောက်ခြင်း ဖြစ်ကြောင်း၊ 
၎င်းတို့ နေထိုင်သော လှဘော်လီမြို့ ဇွန်ဖွီမြို့နယ်ခွဲ ဒန်တက် တထို ကျေးရွာ 
အမှတ်(၈၈) နေအိမ်၏ တောင်ဘက် ကပ်လျက် အမှတ်(၈၉) နေအိမ်တွင် နေ ထိုင်သော 
အချိုင် ဆိုသူ ထံသို့ ထိုင်း စစ်သား အစင် ဆိုသူက ယင်း မြန်မာငွေ စက္ကူ အတု 
များအား ပေး အပ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းစစ်သား အစင် ဆိုသူမှာ လက်ရှိ 
ထိုင်းနိုင်ငံ ဗန်ကောက်တွင် နေထိုင်လျက် ရှိကြောင်း၊ အဆိုပါ ငွေစက္ကူ အတု 
များကို အချိုင်မှ ထိုင်းဘတ်ငွေဖြင့် လဲလှယ် ပေးရန် ၎င်းတို့အား ပေး အပ် ခဲ့ 
ခြင်း ဖြစ်ကြောင်း သိရှိရပြီး မြန်မာ ငွေစက္ကူ အတုများ လက်ဝယ် တွေ့ရှိသူ 
မစ္စတာ တာဟူး ၅၇ နှစ်နှင့် မစ္စချန် ၄၁ နှစ်တို့ နှစ်ဦးအား 
ထားဝယ်မြို့မရဲစခန်း(ပ) ၁၈၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၄၈၉ (က) (ခ) (ဂ)ဖြင့် 
အမှုဖွင့် အရေးယူ ထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။
မြ၀တီ
 

 
 

No comments:
Post a Comment