ဧဒင်အချစ်ပုံပြင်: မင်းကွန်း တက္ကစီ

Friday 2 March 2012

မင်းကွန်း တက္ကစီ

ဆီမထည့်၊ ၀ပ်ရှော့မပို့ရတဲ့ တက္ကစီကို ပြပါ ဆိုရင် မင်းကွန်းက တက္ကစီကို ပြလိုက်ရုံပါပဲ။
Gideon Nurick ရဲ့ ခရီးသွား ဘလော့
http://travelwithkidz.quivertreeworld.com/2011/10/03/myanmarburma-with-kids-mandalay-day-3-nearly-struck-by-lightning-on-mandalay-hill/ မှာ တွေ့ရတဲ့ ဓာတ်ပုံပါ။
ဒီပုံနဲ့ ပတ်သက်ပြီး သူ့ကို စာရေး ဆက်သွယ်တော့ သူက အခုလို ပြောပြပါတယ်။
"မြန်မာပြည်ခရီးမှာ ဒီတနေရာပဲ ဒါမျိုးတက္ကစီ တွေ့ဖူးပါတယ်၊ မန္တလေးကနေ ရေလမ်းကနေသွားရင်
မင်းကွန်းဆိပ်မှာ လှေတွေ မော်တော်တွေ ဆိုက်ထားတာ ရှိတယ်၊ အဲဒီမှာ ဒီတက္ကစီတွေ ရှိတယ်။ ဒီတက္ကစီက ခရီးသည်တွေအတွက်ပဲလား၊ ဒေသခံတွေရော ငှားစီးသလားတော့ ငါလည်း မသိဘူး" တဲ့။
ဒေသခံတွေကတော့ ၉၆၉၃ ကိုပဲ စီးမှာပေါ့။
ဧရာဝတီမြစ်ဘေးက မင်းကွန်းခေါင်းလောင်း၊ မင်းကွန်း ပုထိုးတော်ကြီး၊ မြသိန်းတန် စေတီတို့ကြောင့် မင်းကွန်းကို လာလည်သူ၊ ဘုရားဖူးသူများက ဒီတက္ကစီတွေကို ငှားစီးချင်ကြမယ် ထင်ပါတယ်။
ခရီးလည်းရောက်သလို နွားလှည်းစီးတဲ့ အတွေ့အကြုံလည်း ရသွားတာပေါ့။
ဧရာဝတီ ဘလော့ဂ်

2 comments:

  1. ၀ါး...........အရမ်းမိုက်တဲ့ တက္ကစီပါလားနော်

    ReplyDelete
  2. အရမ်းကောင်းတဲ့ TAXI...

    ReplyDelete

Related Posts Plugin for WordPress, Blogger...