ဧဒင်အချစ်ပုံပြင်: အသားလိမ်ရောင်းတဲ့ သူတွေကို တရုတ်မှာ ဖမ်းဆီး

Friday 3 May 2013

အသားလိမ်ရောင်းတဲ့ သူတွေကို တရုတ်မှာ ဖမ်းဆီး

Photo: အသားလိမ်ရောင်းတဲ့ သူတွေကို တရုတ်မှာ ဖမ်းဆီး
Friday, May 03, 2013 

တရုတ် နိုင်ငံမှာ အသား တွေကို လိမ်ရောင်းတဲ့ လူတွေနဲ့ မကောင်းတော့တဲ့ အသားတွေကို ရောင်းချနေသူ အယောက် ၉၀ဝ ကျော်ကို ပြီးခဲ့တဲ့ သုံးလ ကျော် အတွင်း ဖမ်းဆီး လိုက်တယ်လို့ တရုတ် နိုင်ငံပိုင် သတင်း ဌာနက ပြောကြား ပါတယ်။

အဲဒီလို အတုလုပ် ထားတဲ့ အသား တန်ချိန် ၂ သောင်း ကျော် ကိုလည်း ရဲက သိမ်းဆည်းမိ လိုက်ပါတယ်။

မြေခွေးတွေ ကြွက်တွေနဲ့ မြွေပါ အသားတွေကို ဓာတု ပစ္စည်းတွေ ထည့်ကာ သိုးသား ဆိုပြီး လိမ်ရောင်းတဲ့ လူတွေလည်း ပါတယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံမှာ အစား အသောက် အန္တရာယ် ကင်းရေးနဲ့ ပတ်သက်ပြီး အထူး အလေးထား ဆောင်ရွက် နေတာ ဖြစ်ပါတယ်။

၂၀ဝ၈ ခုနှစ်က ဆိုရင် တရုတ်နိုင်ငံမှာ အဆိပ် အတောက် ဖြစ်တဲ့ နို့မှုန့် တွေကို သိန်းနဲ့ ချီနဲ့ ကလေးငယ်တွေ သောက်မိရာ ကနေ နေထိုင် မကောင်းဖြစ်ခဲ့ ရပါတယ်။

BBC Burmese
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...