ဧဒင်အချစ်ပုံပြင်: အိမ်သာပိုက်အတွင်းရောက်ခဲ့သည့် မွေးကင်းစကလေး၏ မိခင်အား တရားစွဲမည်မဟုတ်

Friday 31 May 2013

အိမ်သာပိုက်အတွင်းရောက်ခဲ့သည့် မွေးကင်းစကလေး၏ မိခင်အား တရားစွဲမည်မဟုတ်

Photo: အိမ်သာပိုက်အတွင်းရောက်ခဲ့သည့် မွေးကင်းစကလေး၏ မိခင်အား တရားစွဲမည်မဟုတ်
Friday, May 31, 2013

တရုတ်နိုင်ငံတွင် အိမ်သာပိုက်လိုင်းကြား ညပ်ကာ အသက်ရှင်ခဲ့သည့် ကလေးငယ် ကိစ္စတွင် မိခင်ဖြစ်သူကို တရားစွဲဆိုမည် မဟုတ်ကြောင်း ရဲများက ပြောကြားခဲ့သည်။ 

အစောပိုင်းက ကလေးငယ် အိမ်သာထဲ ကျသွားကာ ရေဆိုးပိုက်တွင် ညပ်နေခဲ့သည့် ကိစ္စအတွက် ကလေး၏ မိခင်ဖြစ်သူ အသက်(၂၂)နှစ်အရွယ် အမျိုးသမီးကို လူသတ်ရန် ကြံစည်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 သတင်းများကလည်း တရားဝင် အိမ်ထောင် မရှိသော အမျိုးသမီး အနေဖြင့် ကလေးငယ်ကို ဖျောက်ဖျက်ပစ်ရန် ကြံစည်သည့် အခြေအနေမျိုးဟု သုံးသပ် ရေးသားခဲ့ပြီး တရုတ်နိုင်ငံတွင် လူပေါင်းများစွာက အင်တာနက်မှတစ်ဆင့် သူမကို ဆိုးဆိုးရွားရွား ရှုတ်ချ ပြောဆိုမှုများ ရှိခဲ့သည်။

သို့သော်လည်း နောက်ပိုင်း စစ်ဆေးမှုများအရ ရဲတပ်ဖွဲ့က ယခုဖြစ်စဉ်သည် မတော်တဆမှု တစ်ခုဟု သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အမည်ဖော်ပြခြင်း မရှိသော အမျိုးသမီးက သူမသည် အိမ်သာတက်နေစဉ် ကလေးမွေးမိသည်ကို မသိခဲ့ဟု ရဲများထံ အစစ်ခံခဲ့ပြီး နောက်ဆုံးတွင် သူမကို စွဲချက်တင်ရန် အခြေအနေ မရှိဟု ရဲများက ပြောဆိုခဲ့သည်။

 ယောက်ျားလေးဖြစ်ပြီး ၎င်းကို ဆေးရုံတွင် ထားရှိသည့် သေတ္တာငယ်ကို အစွဲပြုကာ Number 59ဟု အမည်ပေးထားသော ကလေးငယ်သည် ယခုအခါ မွေးစားရန် တောင်းဆိုခြင်း ခံရမှုများ ရှိနေသည့်တိုင် ကလေး၏ အဖိုးအဖွားများကပင် စောင့်ရှောက်သွားလိုကြောင်း ပြောကြားထားသည်။

ကလေးငယ်ကို (၄)လက်မ အချင်းရှိ ပိုက်ထဲမှ နာရီနှင့်ချီ ကြာမြင့်အောင် ကြိုးစားပမ်းစား ဖယ်ထုတ်ခဲ့ရခြင်း ဖြစ်သည်။ 

ကလေးငယ်သည် ခေါင်းခွံတွင် အတန်ငယ် ကွဲအက်ခဲ့ပြီး ပွန်းရာပဲ့ရာများ ရှိခဲ့သည့်တိုင် အခြေအနေ တည်ငြိမ် ကောင်းမွန်နေပြီ ဖြစ်သည်။ ကလေး၏ မိခင်က သူမသည် ကိုယ်ဝန်ရှိသည်ကို ဖုံးကွယ်ထားကြောင်း ဝန်ခံခဲ့သော်လည်း ကလေးကို တမင်တကာ ဖျောက်ဖျက်မှု မရှိဟု အခိုင်အမာ ငြင်းဆိုသွားသည်။

Planet.com.mm

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...