ဧဒင်အချစ်ပုံပြင်: ဒုတိယမြောက် သားသမီးယူဖို့ ဇာတ်ကားရိုက်တွေ နားတော့မယ်..အိနြေ္ဒာကျော်ဇင်

Wednesday 1 May 2013

ဒုတိယမြောက် သားသမီးယူဖို့ ဇာတ်ကားရိုက်တွေ နားတော့မယ်..အိနြေ္ဒာကျော်ဇင်



၂၀၁၃ ခုနှစ်။ ဧပြီ ၂၄ရက် ကအိနြေ္ဒာကျော်ဇင် ကသူရဲ့မွေးနေ့မှာ မွေးနေ့ပွဲရယ်လို့.. သီးသန့်မလုပ်ဖြစ်ပေမဲ့မီသားစု.တူ.တူမ မိတ်ဆွေအပေါင်းအသင်းများနဲ့တော့ ညစာစားသွားစားဖြစ်တယ်လို့သိပါရပါတယ်။

အိနြေ္ဒာကျော်ဇင်ရဲ့မွေးနေ့အတွက်ခင်ပွန်းဖြစ်သူ “ကိုပြေတီဦးက” မာစီဒီးကားတစ်စီးလက်ဆောင်ပေးထားပါတယ်၊။. အူဝဲရဲ့မွေးနေ့လက်ဆောင်အဖြစ်ဘာမှမတောင်းပါဘူး။ ဒါပင်မဲ့ အူဝဲလိုချင်တဲ့မာစီဒီးကားတစ်စီးဝယ်ပေးပြီးပြီဆိုတော့ မွေးနေ့လက်ဆောင်အဖြစ်ပေးတယ်ပဲပေါ့လို့
အိနြေ္ဒာကျော်ဇင်ကဆိုပါတယ်။ မွေးနေ့ဖြစ်တဲ့ဧပြီလ24ရက်နေ့က
အိနြေ္ဒာကျော်ဇင်ကအနုပညာအလုပ်တွေမလုပ်ဘဲနားခဲ့ပါတယ်။ အိနြေ္ဒာကျော်ဇင်ကဇာတ်ကားများကို တစ်လ2ကားနှုန်းပဲရိုက်ကူးဖို့စီစဉ်ထားပါတယ်။ဇာတ်ကားရီုက်ကူးမှုများနဲ့ပတ်သက်ပြီး အိနြေ္ဒာကျော်ဇင်က “အခု အူဝဲပြေသုန္ဒြာလေးကိုမွေးပြီးတဲ့နောက်ပိုင်းလက်ခံထားတဲ့ဇာတ်ကားတွေထဲက အချို့ကိုပြန်ဖျက်ထားတယ်.။ဘာဖြစ်လို့လဲဆိုတော့သား၊သမီးနောက်တစ်ယောက်ယူဖို့ အစီင်္အစဉ်ရှီတာကြောင့် အခုလက်ခံထားတဲ့ဇာတ်ကား တွေကိုပြန်ဖျက်ထားပါတယ်”…။အရင်တုန်းကသားသမီး
တစ်ယောက်တည်းပဲယူမယ်လို့ ဆုံဖြတ်ထားခဲ့တာ။ ဒါပင်မဲ့အခုအချိန်မှာတော့ ကိုယ်ကိုယ်တိုင်လည်းသားသမီးနောက်တစ်ယောက်လည်းလိုချင်တယ်၊သမီးလေးကလည်း တခြားကလေးတွေတွေ့ရင် အရမ်းချစ်တယ်။အဲဒီတော့သူ့မှာလည်း နောက်ထပ်မောင်နှမသွေးသားရင်းရှိရင်ပိုပြီးချစ်မှာဆိုပြီး
 နောက်ထပ်သားသမီးယူမှာပါ။အဲဒါကြောင့် အရင်တုန်းကဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်ကိုပြန်ပြင်ပြီး လုပ်လိုက်တာဟာ အခုလောလောဆယ်တော့အနုပညာလှုပ်ရှားမှုတွေကို ခဏရပ်ထားတယ်လို့ဆိုပါတယ်။” အိနြေ္ဒာကျော်ဇင်ကရိုက်ကူးဖို့စီစဉ်ထားတဲ့ရုပ်ရှင်ဇာတ်ကားကို မရိုက်ဖြစ်တော့ပါဘူး အနုပညာအလုပ်နဲ့မိသားစုအရေးမှာ မိသားစုအတွက်အချိန်ပေး၊စဉ်းစားဦးစားပေးဖြစ်တော့မှာဖြစ်ပါတယ်။

‘“အူဝဲရဲ့အနုပညာလှုပ်ရှားမှုသက်တမ်းကလည်း15နှစ်ဝန်းကျင်ရှိနေပြီ။အနုပညာအလုပ်နဲ့
စာရင်မိသားစုအတွက်အချိန်နည်းနည်းပိုပေးချင်တယ်၊နောက်တစ်ခုက ပရိသတ်တွေကိုလည်းချစ်တယ။်အနုပညာအလုပ်ကိုတန်းဖို့လည်းထားတယ်၊၊လေးလည်းလေးစားတယ်။ အဓိကကတော့ပရိသတ်ရဲ့အချစ်၊ပရိသတ်ရဲ့အားပေးမှုကို တန်းဖိုးထားလေးစားတယ်၊၊အနုပညာအရေးနဲ့မိသားစုအရေးနှစ်ခုကြားမှာ အူဝဲအခုလှုပ်ရှားနေရတာပေါ့။ ပြေသုနြေ္ဒာလေးရပြီးတဲ့နောက်ပိုင်းမှာညီမျှအောင်လုပ်နေတာပေါ့ ။ သားသမီးနောက်တစ်ယောက်ယူမယ်လို့ ဆုံးဖြတ်ထားတဲ့အချိန်မှာ အနုပညာအလုပ်တွေကိုနည်းနည်းလျော့သွားမယ်’” လို့ အိနြေ္ဒာကျော်ဇင်ကဆိုပါတယ်။
အိနြေ္ဒာကျော်ဇင်က” ပြေသုနြေ္ဒာလေကိုကိယ်ဝန်ဆောင်တဲ့အချိန်တုန်းက အဖြူရောင်ရဲတိုက် ရုပ်ရှင်ကားနဲ့ကြော်ငြာအချို့လက်ခံရိုက်ကူးဖြစ်ခဲ့ပါတယ်။အဲဒီအချိန်တုန်းက ဘာဖြစ်လို့ရိုက်ဖြစ်ခဲ့လဲဆိုတော့ ဒါရိုက်တာတွေနဲ့ညှိပြီးရိုက်ခဲ့တယ်။ကြမ်းကြမ်းတမ်တမ်း သရုပ်ဆောင်ရမယ့်ပုံစံမျိုးတွေဆို၇င်ရိုက်လို့မရဘူးလို့ပြောပြီးတော့အနုပညာအချင်းချင်းတွေ ညှိပြီးရိုက်ဖြစ်ခဲ့တယ်။အခုကားရိုက်ကိုဘာဖြစ်လို့ရပ်လဲဆိုတော့ဇွန်လမှာရိုက်မယ့် ရုပ်ရှင်ကားကြီးကလည်း ပေါ့ပေါ့ပါးပါးမဖြစ်လောက်ဘူး။ သူတို့ကလည်းအကောင်းဆုံးရိုက်ကြမှာဖြစ်တဲ့အတွက်အင်တိုက်အားတိုက်နဲ့လှုပ်ရှားမှုတွေလည်း ပါမယ်ဆိုတော့ စောစောစီးစီးကတည်းက မလုပ်ထားတာကောင်းတယ်ဆိုပြီးတော့ရပ်လိုက်မှာပါ”လို့ အိနြေ္ဒာကျော်ဇင်ကဇာတ်ကားရိုက်နားမှုနဲ့ပတ်သက်ပြီးတော့ အဲဒီပြောပြပါတယ်။

ဇာတ်ကားရိုက်နားတာနဲ့ပတ်သက်ပြီး  ယောက်ကျာင်္းဖြစ်သူ ကိုပြေတီဦးကဘာမှမပြောဘဲ အိနြေ္ဒာကျော်ဇင်စိတ်ကြိုက်လုပ်ခွင့်ပေးထားပါတယ်။ဒုတိယမြောက်သားသမီးယူဖို့အတွက် အနုပညာအလုပ်တွေကိုကြော်ငြာရိုက်ကူးရေးကအစအနားယူဖိုစီစဉ်ထားပါတယ်။သားသမီးရတယ်ဆိုပြီး မကျိန်းသေခင်အချိန်ကနေ အနုပညာအလုပ်နားဖို့ဆုံးဖြတ်ဖြစ်တာက သားသမီးယူဖို့အတွက်အတိမ်းအစောင်းဖြစ်မှာစိုးရိမ်တာကြောင့်လို့အိနြေ္ဒာကျော်ဇင်က ဆိုပါသေးတယ်။ပြေတီဦး မေလမှာပြင်ဦးလွင်မှာဇာတ်ကားရိုက်ကူးဖို့စီစဉ်ထားပါတယ်။
 ပြေတီဦး ပြင်ဦးလွင်မှာ ဇာတ်ကားသွားရိုက်တဲ့အခါလိုက်သွားဖို့စီစဉ်ထားသေးဘားတိုတာနဲ့ပတ်သက်ပြီးတော့
“သမီးလေးရဲ့ကျောင်းက အခုတက်နေတဲ့အတန်းပြီးတော့မှ အူဝဲလိုက်လို့၇မှာပါ။ အဲဒီတော့ လောလောဆယ်လိုက်မသွားဖြစ်တော့ပါဘူး”လို့ အိနြေ္ဒာကျော်ဇင်ကဆိုပါတယ်။

ဧပြီလ၂၄ရက်နေ့က ကျရောက်သောမွေးနေ့နဲ့ပတ်သက်ပြီးတော့ ဆုတောင်းပေးကျတဲ့ ပရိသတ်တွေကိုကျေးဇူးတင်သလို တောင်းပေးတဲ့ဆုတွေလည်းပရိသတ်တွေရကြပါစေလို့ အိနြေ္ဒာကျော်ဇင်ကပြန်လည်ဆုတောင်းပေးပါတယ်။ အနုပညာအလုပ်တွေမလုပ်ဖြစ်တော့တဲ့အကြောင်းနဲ့ပတ်သက်ပြီးလည်းအိနြေ္ဒာကျော်ဇင်
ကအနူးညွှတ်တောင်းပန်ပါသေးတယ်။

အိနြေ္ဒာကျော်ဇင်facebook နဲ့ပတ်သတ်ပြီးတော့… အမအရင်က ပြေသုနြေ္ဒာအမည်နဲ့ facbook သုံးပါတယ်၊ အခုတော့အဲဒီfaceookကြိုပန်ပိတ်ထားပါတယ်။ facebook မှာပြေသုနြေ္ဒာနာမည်နဲ့ထပ်သုံးတဲ့သူ။ အိနြေ္ဒာကျော်ဇင်နာမည်နဲ့ထပ်သုံးတဲ့သူတွေရှိတာကြောင့်facebook ကိုလုံးဝမသုံးတော့ဘဲ ပိတ်လိုက်မှာဖြစ်ကြောင်း။အကြောင်းအမျိုးမျိုးကြောင့်နောက်ပိုင်းမှfacebook ကိုပြန်လဲသုံးစွဲမှာဖြစ်ပါတယ်…အခုလောလောဆယ်ဆယ်ကတော့ facebookအကောင့်ကိုအူဝဲကိုယ်တိုင်ပိတ်ထားပါတယ်’”လို့ ပြောကြားသွားပါတယ်။
 by Pyay Ti Oo+ Eindra kyaw zin=pyay thudra (Notes)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...