ဧဒင်အချစ်ပုံပြင်: တရုတ်သို့ ဟိုင်းဘရစ်နည်းပညာ ခိုးရောင်းသူ လင်မယား ထောင် တစ်နှစ်ကျ

Tuesday 7 May 2013

တရုတ်သို့ ဟိုင်းဘရစ်နည်းပညာ ခိုးရောင်းသူ လင်မယား ထောင် တစ်နှစ်ကျ

Photo: တရုတ်သို့ ဟိုင်းဘရစ်နည်းပညာ ခိုးရောင်းသူ လင်မယား ထောင် တစ်နှစ်ကျ

အမေရိကန် General Motors မှာ အင်ဂျင်နီယာ အနေနဲ့ လုပ်ကိုင်နေတဲ့ Shanshan Du အမည်ရ အမျိုးသမီးနဲ့ သူ အမျိုးသား တို့ နှစ်ဦး ဖြစ်ပါတယ်။ 

General Motors တို့ မူပိုင်နဲ့ ကြိုးစားဖန်တီးထားတဲ့ ဟိုင်းဘရစ်ကား နည်းပညာကို Shanshan လည်း သိခွင့်ရပါတယ်။ တကယ်လည်း လုပ်ကိုင်ရပါတယ်။ သို့ပေမယ့် တရုတ်ပြည်ကို လှမ်းရောင်းမယ်လို့ ထင်မထားကြပါဘူး။ Shanshan ဟာ သူ့အမျိုးသားနဲ့ တိုင်ပင်လို့ ရောင်းထုတ်ဖို့ တကယ် ကြိုးစားပါတယ်။ 

ဝယ်ယူမည့် ကုမ္မဏီကိုတော့ မဖော်ပြထားပါဘူး။ မူပိုင်ရထားတဲ့ နည်းပညာကို ခိုးထုတ်ဖို့ကြိုးစားတဲ့အတွက် GM မှ တရားစွဲ လိုက်ရပါတယ်။ တရားစစ်ဆေးချက်အရ အပြစ်ရှိကြောင် ထင်ရှားတဲ့ အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ၁ ရက်ချမှတ်လိုက်ကြောင်း သိရပါတယ်။ 
--
Ref: autoblog

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...