ဧဒင်အချစ်ပုံပြင်: ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ ဦးပိုင်၊ GL (အေးရှားဝေါလ်)၊ နီလာရိုးမနှင့် Denko စက်သုံးဆီဆိုင်များ အများဆုံးပါဝင်

Friday, 3 May 2013

ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ ဦးပိုင်၊ GL (အေးရှားဝေါလ်)၊ နီလာရိုးမနှင့် Denko စက်သုံးဆီဆိုင်များ အများဆုံးပါဝင်

Photo: ဆီမပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အား တစ်လမှ သုံးလအထိ ပိတ်သိမ်းအရေးယူ ဦးပိုင်၊ GL (အေးရှားဝေါလ်)၊ နီလာရိုးမနှင့် Denko စက်သုံးဆီဆိုင်များ အများဆုံးပါဝင်
Friday, May 03, 2013

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင်များအား လိုက်လံစစ်ဆေးရာတွင် စက်သုံးဆီဆိုင် ၁၆ ဆိုင်သည် ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် တစ်လမှ သုံးလအထိ ပိတ်သိမ်းရန် မေလ ၁ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်ကာ အရေးယူထားကြောင်း သတင်းရရှိပါသည်။

ဆီမပြည့်၍ အရေးယူခံရသည့် စက်သုံးဆီ ဆိုင်များထဲတွင် ဦးပိုင်မှ ဖွင့်လှစ်ထားသည့် စက်သုံးဆီဆိုင် သုံးဆိုင်အထိ ပါဝင်ကြောင်း၊ GL(အေးရှားဝေါလ်)မှ နှစ်ဆိုင်၊ နီလာရိုးမ စက်သုံးဆီဆိုင် နှစ်ဆိုင်၊ Denko စက်သုံးဆီဆိုင်မှ နှစ်ဆိုင်ဖြင့် အများဆုံး ပါဝင်လျက်ရှိကြောင်း စက်သုံးဆီ ဆိုင်များသို့ ညွှန်ကြားထားသည့် ညွှန်ကြားချက်များအရ သိရှိရသည်။

ဆီမပြည့်သည့် စက်သုံးဆီ ဆိုင်များအား အရေးယူရာတွင် နှစ်ကြိမ်စစ် နှစ်ကြိမ်မိသည့် ဆိုင်များအား သုံးလအထိ ပိတ်သိမ်းရန် ညွှန်ကြားထားပြီး ကျန်ဆီဆိုင်များကို တစ်လတိတိ ပိတ်သိမ်းရန် ခွဲခြားညွှန်ကြား ထားကြောင်း သိရသည်။

စက်သုံးဆီ ရောင်းချပြီး ဆီအခြင်အတွယ် မပြည့်ကြောင်း စိစစ်တွေ့ရှိထားသည့် စက်သုံးဆီဆိုင် ၁၆ ဆိုင် အနေဖြင့် လာမည့် မေလ ၆ ရက်နေ့မှစ၍ ဆိုင်ပိတ်သိမ်းရမည်ဖြစ်ပြီး တစ်လပိတ်သိမ်းရမည့် စာရင်းတွင် ပါဝင်သည့် ဆိုင်များမှာ လာမည့် ဇွန်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း၊ သုံးလပိတ်သိမ်းရမည့် ဆိုင်များမှာ သြဂုတ်လ ၅ ရက်နေ့အထိ ပိတ်သိမ်းရမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူ တစ်ဦးက ''ဟုတ်ပါတယ်။ ၁၆ ဆိုင် အရေးယူခံရတယ်။ လေးဆိုင်က ၃ လအထိ ပိတ်ခံရ တယ်။ ကျန်တဲ့ ၁၂ ဆိုင်က ၁ လပိတ်ရတာ မှန်ပါတယ်'' ဟု ပြောကြားခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းများ တင်သွင်းသိုလှောင် သယ်ယူဖြန်ဖြူး ရောင်းချခြင်း လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီမှ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး ၂၁ ဆိုင်မှာ ဆီအခြင်အတွယ် မပြည့်ကြောင်း တွေ့ရှိရ၍ သတိပေးထားခဲ့ကြောင်း သိရသည်။

ထိုသို့ သတိပေးရာတွင် ဆီအခြင်အ တွယ်မပြည့်ကြောင်း စိစစ်တွေ့ရှိရပါက စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချသည့် လိုင်စင်ကို ပြန်လည်သုံးသပ်အရေးယူ ဆောင်ရွက်သွားမည်ဟု ညွှန်ကြားထားခဲ့ ပြီးဖြစ်ကြောင်းသိရသည်။

ဆီအခြင်အတွယ် မပြည့်သည့် စက်သုံးဆီဆိုင် ၁၆ ဆိုင်အနက် Denko(0221)၊ ဦးပိုင်(လင်းလက်အောင် 0219)၊ Myanmar Naing Group(0237)နှင့် ရာဇာမင်း (မင်္ဂလာဒုံ) ဆိုင်တို့မှာ သုံးလအထိ ပိတ်သိမ်းခံရပြီး သူရိယ (0221 စမ်းချောင်း)၊ Denko (သာကေတ)၊ ဦးပိုင် (0264)၊ ဦးပိုင်(မြ၀တီ 0270)၊ နီလာရိုးမ (0277)၊ နီလာရိုးမ ဆိုင်ခွဲ ၁၈၊ နေရွှေသွေးအောင် (0257)၊ 2000(0273 ဗိုလ်တထောင်)၊ Green Luck (0268)၊ Green Luck (0253) ၊ ကမ္ဘောဇ(လှိုင်သာယာ)၊ ပါဝါနိုင်း(မင်္ဂလာဒုံ) စသည့်ဆိုင်တို့မှာ ရောင်းချခွင့် တစ်လပိတ်သိမ်း ခံရကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...