ဧဒင်အချစ်ပုံပြင်: မန္တလေးမြို့တွင် တရားမဝင် ဆင်ဆာမဲ့ခွေများ ဌားရမ်းရောင်းချနေသော ဆိုင်များကို ၁ဝ ရက်နေ့မှ စတင် ဖမ်းဆီးတော့မည်

Thursday 6 June 2013

မန္တလေးမြို့တွင် တရားမဝင် ဆင်ဆာမဲ့ခွေများ ဌားရမ်းရောင်းချနေသော ဆိုင်များကို ၁ဝ ရက်နေ့မှ စတင် ဖမ်းဆီးတော့မည်

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ ဗီဒီယို ဥပဒေများနှင့် ညီညွှတ်မှုမရှိဘဲ တရားမဝင် ဆင်ဆာမဲ့ ဇာတ်ကားများကို ငှားရမ်းခြင်း ဆင်ဆာကပ်ထားခြင်း မရှိသော်လည်း မိမိဆိုင်အမည်နှင့် မြို့နယ် ရေးမှတ်ဖော်ပြထားခြင်းမရှိသော ဇာတ်ကားအချပ်များ ငှားရမ်းခြင်းတို့ကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မန္တလေးတိုင်း ဗီဒီယို အခြေခံအဖွဲ့က ပြောသည်။

တရားမဝင်သည့် အခွေများကို ဇွန်လ ၁ဝ ရက်တွင် စတင်ဖမ်းဆီးအရေးယူမည်ဖြစ်ပြီး ''ကိုယ်ရှိတဲ့ မြို့နယ်မှာပဲ ငှားရမ်းလို့ရတယ်။ တခြားမြို့နယ်ကို ကျော်ပြီး ငှားလို့မရဘူး။ ငှားနေတာတွေရှိတယ်။ တွေ့လို့ရှိရင်တော့ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမယ်'' ဟု ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ယင်းကဲ့သို့ အရေးယူမည်ကို ကြိုဆိုသည်ဟုလည်း ''တကယ် လုပ်ဖို့လည်း လိုတယ်။ ကျွန်တော်တို့ ဗီဒီယို အငှားဆိုင်ဈေးကွက်က မန္တလေးမှာပျက်နေပြီ'' ဟု ဗီဒီယို ငှားရမ်းသူဆိုင်ပိုင်ရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

နယ်ကျော်ခွေနှင့်ပွားခွေများကြောင့် ဗီဒီယိုခွေငှားဆိုင်များ အခြေအနေဆိုးရွားနေမှုကို ဗီဒီယိုအခြေခံသို့ တင်ပြခဲ့သော်လည်း ထိရောက်သည့် ဟန့်ထားမှုမျိုးပြုလုပ်မပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဖြန့်ချိရေး သမားများမှ အောက်ကားများကို မယူမနေရစနစ်ကြောင့်လည်း ဗီဒီယိုအငှားဆိုင်များ အခက်တွေ့နေကြောင်းလည်း သိရသည်။

''ဆင်ဆာကပ်ထားတဲ့ ခွေပဲငှားရတယ်။ တချို့ဆိုင်တွေက ပွားခွေကို တစ်ရာကျပ်ငှားလိုက်တော့ ကျွန်တော်တို့က ငုတ်တုတ်မေ့ကုန်တယ်'' ဟု ခွေငှားဆိုင်ပိုင်ရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။ ''တချို့ကိစ္စတွေက ဖြန့်ချိရေးနဲ့ပဲ ဆိုင်တယ်။ ဗီဒီယိုအခြေခံအဖွဲ့အနေနဲ့ကတော့ ပြေလည်အောင် ထိန်းသိမ်းညှိနှိုင်းပေးရုံလောက်ပဲ'' ဟု ဗီဒီယိုအခြေခံအဖွဲ့မှ တာဝန် ရှိသူက တုံ့ပြန်ပြောဆိုသည်။
မဇ္ဈိမသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...