ဧဒင်အချစ်ပုံပြင်: ဒေါပုံမြို့နယ်တွင် ဗုံးသီးအဟောင်းတွေ့ရှိ

Saturday 1 June 2013

ဒေါပုံမြို့နယ်တွင် ဗုံးသီးအဟောင်းတွေ့ရှိ

Photo: ဒေါပုံမြို့နယ်တွင် ဗုံးသီးအဟောင်းတွေ့ရှိ

၁-၆-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန်ခန့် ဒေါပုံမြို့နယ်၊ 
ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၇၃)နေ ဦးဝင်းဆန်းဦး၊(၅၀)နှစ်၊(ဘ)ဦးပန်သည် နေအိမ်ခြံဝင်းအတွင်း
အိမ်ဆောက်ရန် မြေကြီးတူးစဉ် အလျား(၁)ပေ၊ လုံးပတ်(၁၁)လက်မရှိ ဒလက်ပါဗုံးသီးအဟောင်း(၁)လုံးနှင့် အလျား (၁၀)လက်မ၊ လုံးပတ် (၁၁)လက်မရှိ ဒလက်မပါဗုံးသီးအဟောင်း(၁)လုံးတို့အား
တွေ့ရှိကြောင်း သတင်းအရ ဒေါပုံမြို့မစခန်းမှူးနှင့် အဖွဲ့မှသွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ပြီး   အမှတ်(၉၀၆) စစ်မြေပြင်အင်ဂျင်နီယာတပ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...