ဧဒင်အချစ်ပုံပြင်: အအေးနှင့် ချွတ်ဆေး လဲထားသည့်မိန်းကလေးကိုဖမ်း

Tuesday 4 June 2013

အအေးနှင့် ချွတ်ဆေး လဲထားသည့်မိန်းကလေးကိုဖမ်း


တက္ကသိုလ်ကျောင်းသူတစ်ဦးသည် မိမိအခန်းဖော်သောက်မည့် လဖက်ရည်အေးအစား ချွတ်ဆေးကို လဲလှယ်ထားသည့်အတွက် ဖမ်းဆီးလိုက်သည့် ဖြစ်ရပ်တစ်ခု မစ်ချီဂန်မြို့တွင်ဖြစ်ပွားခဲ့သည်။
မစ်ချီဂန်တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ကေလာ အက်ရှ်လင်း ဘွန်ကိုးစကီးဆိုသူသည် သူငယ်ချင်း ဖြစ်သူ အသက် ၂၀ နှစ်အရွယ် အယ်မလီ ဂျိုးဆက်သောက်မည့် အအေးခွက်ထဲတွင်
ဓာတုဗေဒခန်းသုံး အရောင်ချွတ်ဆေးများကို လဲလှယ်ထည့်ထားသည့် ပြစ်မှုဖြင့် ကြီးလေးသောပြစ်မှုကို ကျခံရဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ဘွန်ကိုးစကီးသည် မစ်ချီဂန် ဗဟိုတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားနေသူဖြစ်ပြီး အယ်မလီသည် နှမြောတွန့်တိုလွန်းသောကြောင့် ဤသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်တွင်းသတင်းစာတွင် ရေးသားထားသည်။
အယ်မလီသည် မိမိအနေဖြင့် ဤသို့လုပ်ခြင်းကြောင့် အပြင်းအထန်ခံစားရမည်ကိုသိကြောင်း ဖြောင့်ချက်ပေးပြီး အဆိပ်ခတ်ခံရသည့် အယ်မလီသည် ဆေးရုံတက်လိုက်ရသော်လည်း စိုးရိမ်စရာမရှိတော့သဖြင့် ပြန်ဆင်းသွား ပြီဖြစ်ကြောင်း ၊ ယခုလုပ်ရပ်ကြောင့် ထောင်ဒဏ် ၁၅ နှစ်ခန့် အပြစ်ဒဏ်ခံရဖွယ်ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
မောက္ခသတင်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...