ဧဒင်အချစ်ပုံပြင်: အိန္ဒိယ၌ သာမန်ထက် နှစ်ဆနီးပါး ကြီးမားသည့် ကလေးငယ် တစ်ဦး၏ ဦးခေါင်း ဒုတိယအကြိမ် အောင်မြင်စွာ ခွဲစိတ် တည်ဆောက် နိုင်ခဲ့

Saturday 29 June 2013

အိန္ဒိယ၌ သာမန်ထက် နှစ်ဆနီးပါး ကြီးမားသည့် ကလေးငယ် တစ်ဦး၏ ဦးခေါင်း ဒုတိယအကြိမ် အောင်မြင်စွာ ခွဲစိတ် တည်ဆောက် နိုင်ခဲ့

နယူးဒေလီ  ဇွန်   ၂၈
အိန္ဒိယနိုင်ငံမှ ဆရာဝန်များသည် သာမန်ထက် နှစ်ဆနီးပါး ကြီးမားသော ကလေးငယ် တစ်ဦး၏ ဦးခေါင်းကို ဒုတိယအကြိမ် ခွဲစိတ်၍ ပြန်လည် တည်ဆောက်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း ၄င်းဆရာဝန် များက ဇွန် ၂၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
ရိုနာဘီဂမ် အမည်ရှိ တစ်နှစ်သား အရွယ် ကလေးငယ်၏ ဦးခေါင်းခွံ အတွင်းမှ အရည်ပို များကို နယူးဒေလီမြို့ အနီးရှိ ဆေးရုံ တစ်ရုံမှ ဆရာဝန်များက ပြီးခဲ့သည့်လတွင် ပထမ အကြိမ် ဖောက်ထုတ်ခဲ့ပြီး ယခုတစ်ဖန် ဒုတိယအကြိမ် ခွဲစိတ် တည်ဆောက်မှု ကိုလည်း အဆိုပါ ဆေးရုံ၌ပင် လေးနာရီကြာ လုပ်ဆောင်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။

ရိုနာဘီဂမ်သည့် hydrocephalus ရောဂါ (ကလေးငယ်များတွင် ဦးခေါင်းခွံ အကြား  အရေများ မပိတ်မီတွင် ဦးခေါင်း ကြီးလာခြင်း)နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။
ထို့ကြောင့် ကလေးငယ်၏ ဦးခေါင်း အတွင်း အရည်ပိုများ ပါရှိနေပြီး ၄င်း၏ ဦးခေါင်းခွံမှာ သာမန်ထက် နှစ်ဆခန့် ကြီးမားလျက် ရှိကြောင်း ဦးနှောက် အာရုံကြော ဆိုင်ရာ ခွဲစိတ် ဆရာဝန် တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ရိုနာ၏ ဦးခေါင်းပိုင်းမှာ ၉၄ စင်တီမီ တာခန့် ဖောင်းပွနေပြီး ၄င်း၏ ဦးနှောက် ပေါ်တွင် ဖိအားများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့် ၄င်းအနေဖြင့် တည့်မတ်စွာ နေထိုင်ရန် မဖြစ်နိုင်သလို လေးဖက် တွားသွားရန်လည်း  မဖြစ်အောင် ဦးနှောက် အတွင်းရှိ အရည်ပို များက ဒုက္ခပေးလျက် ရှိကြောင်း သိရသည်။
သို့သော် ယခုအခါတွင် ဦးနှောက် အတွင်းရှိ အရည်ပိုများကို ဖောက်ထုတ်၍ ခွဲစိတ် ကုသမှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ အောင်မြင်မှု ရရှိခဲ့ကြောင်း ဦးနှောက် အာရုံကြော ဆိုင်ရာ ခွဲစိတ် အထူးကု ဆရာဝန် ဆန်ဒိစ်ဗိုင် ရှရာက ပြောကြားခဲ့သည်။               
 မြဝတီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...