
"ကျွန် တော် တို့ မြန်မာနိုင်ငံမှာ ဇာတ်လမ်း တွေက သိပ်မဆန်းသစ်ဘူး။ ဒီဇာတ်လမ်းတွေပါပဲ။သိပ်အကြီးကြီးမလုပ်နိုင်သေးပါဘူး။ မြန်မာနိုင်ငံအဆင့်မှာတော့ တိုးတက် တယ်လို့ ပြောလို့ရပါတယ်။ မြန်မာနိုင်ငံက ထွက်သွားရင် တော့
ဒုံရင်းကဒုံရင်းပါပဲ။ဘာမှမတိုးတက်သေးဘူးလို့ မြင် ပါတယ်။ကျွန်တော်တို့အစည်းအရုံးသစ်ကတော့ တော်တော် လေးလုပ်နေတာပါပဲ။ တကယ်တတ်သိနားလည်တဲ့ ပရို ဂျူဆာတွေလည်းပါတယ်။
မင်းသားတွေလည်း ပါတယ်။ သရုပ်ဆောင်တွေလည်းပါတယ်။ အနုပညာလော ကထဲကလူတွေ လုပ်နေကြတော့ ဈေးကွက်ကို အရင်လိုပဲ ပြန်ဖြစ်စေ ချင်ပါတယ်"လို့ ပြောပါတယ်။ ဈေးကွက်အခြေအနေမကောင်းနိုင်ဘူးလို့ ပြောနေ ကြပေမယ့်လည်း သူ့အနေနဲ့ ပြန်ကောင်းနိုင်မယ်လို့ ထင်မြင် ကြောင်းပိုင်ဇေရဲထွန်းက ပြောပါတယ်။
ပိုင်ဇေရဲထွန်းက သြဂုတ်လဆန်းထဲမှာ ပုပ္ပားကိုသွားပြီး သရဲဇာတ်ကားနှစ်ကား သွားရိုက်မှာဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းက သရဲဇာတ်ကား တစ်ကားရိုက် ကူးပြီးသွားပြီး ပရိသတ် ကြိုက်ကြတဲ့အတွက် နောက်ထပ် သရဲဇာတ် ကားတွေ ရိုက်ကူးခြင်းဖြစ်ကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်

No comments:
Post a Comment