ဧဒင်အချစ်ပုံပြင်: ပြည်မြို့ ဧရာဝတီ မြစ်ကူး နဝဒေး တံတား အနီး၌ ပုဂ္ဂလိကပိုင် တွဲသင်္ဘောမှ (CP) တွဲ နစ်မြုပ်မှု ဖြစ်ပွား

Sunday, 16 June 2013

ပြည်မြို့ ဧရာဝတီ မြစ်ကူး နဝဒေး တံတား အနီး၌ ပုဂ္ဂလိကပိုင် တွဲသင်္ဘောမှ (CP) တွဲ နစ်မြုပ်မှု ဖြစ်ပွား

ပြည် ဇွန် ၁၆
ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ ဧရာဝတီမြစ်ကူး နဝဒေး တံတား အနီး၌ ယနေ့ညနေတွင် ပုဂ္ဂလိကပိုင် တွဲသင်္ဘောမှ (CP) တွဲ နစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ဆင်ပေါင်ဝဲမြို့မှ ရန်ကုန် ဘက်သို့ ရေယာဉ်မောင်း ဦးဟန်တင် ၄၅ နှစ် (ဘ)ဦးသာတူ စောင်ချမ်းရွာ၊ ဆင်ပေါင်ဝဲ မြို့နေသူ မောင်းနှင်လာသော 
''အောင်ကောင်းထက်'' မော်တော်မှ တွန်းလာသည့် အရှည် ၁၆၉ ပေ၊ အနံ ၃၄ ပေရှိ (CP)တွဲသည် ပြည်မြို့ ဧရာဝတီမြစ်ကူး နဝဒေး တံတားအောက် မိကျောင်းရဲ ကျေးရွာအနီး ဈေးဝယ်ရန် ခေတ္တ ရပ်နာထားရာ ညနေ ၄ နာရီ ၁၅ မိနစ် ခန့်တွင် (CP)တွဲဝမ်းဗိုက် ပေါက်ပြီး ရေများ တဖြည်းဖြည်း စိမ့်ဝင်ကာ ခါးကျိုး နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွဲသင်္ဘော နစ်မြုပ်မှုကြောင့် လူအသေအပျောက် မရှိသော်လည်း တွဲပေါ်ပါလာသည့် ကျောက်စရစ်ကျင်း ၁၂ဝ၊  ဆန်အိတ် ၁၅ဝ နှင့် (CP)တွဲအပါအဝင် ဆုံးရှုံးမှုတန်ဖိုး ၅၉၅ဝဝဝဝ ခန့်ဖြစ်ကြောင်း သိရသည်။
သန်းထွဋ်အောင်(မြဝတီ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...