ဧဒင်အချစ်ပုံပြင်: ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

Sunday 21 July 2013

ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

Photo: ယာဉ်တိမ်းမှောက်မှုကြောင့် (၁)ဦးသေ (၂၃)ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၁

၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊
ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော
၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။

ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``
အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား
(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်
ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
၂၀.၇.၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် လှည်းကူးမြို့နယ်၊
ရန်ကုန်-ပဲခူးလမ်းအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း အောင်ကိုလတ် (စုံစမ်းဆဲ) မောင်းနှင်လာသော
... ၈င/---- တိုယိုတာလိုက်ထရပ်အဖြူရောင်ကိုယ်ပိုင်ယာဉ်သည် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာ မိုင်တိုင်အမှတ် ၃၂/၂ အနီးအရောက်အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်သို့တိမ်းမှောက် သွားခဲ့ပါသည်။


ထိုသို့ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ´´၀င်းမေဘယ်``
အထည်ချုပ်စက်ရုံ လုပ်သားများ အနက် ကိုသန့်ဇင်ဦး (၁၈)နှစ်၊ (ဘ)ဦးတင်ရွှေ၊ ရဲမွန်ရွာ နေသူမှာ ဦးခေါင်းခွံကွဲဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး ကျန်အထည်ချုပ်လုပ်သား
(၁၃)ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)များ
အဖြစ်လည်းကောင်း၊ (၁၀)ဦးမှာ လှည်းကူးမြို့နယ်ဆေးရုံတွင်
ပြင်ပလူနာ များ အဖြစ်လည်းကောင်း တင်ပို့ကုသလျက်ရှိပါသည်။

ယာဉ်မောင်း အောင်ကိုလတ်မှာ အခင်းဖြစ်နေရာတွင်
ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွား သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီး ၎င်းအားလည်းကူးမြို့မရဲစခန်း ယာဉ်(ပ)၄၁/၂၀၁၃၊ ပုဒ်မ ၃၀၄-က /၃၃၈/၃၃၇/၂၀၂ ဖြင့်
အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။
See More


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...