ဧဒင်အချစ်ပုံပြင်: ပြန်လွှတ်လေ့ရှိသောငါးရွေးကြီးများ ဈေးကောင်းရ၍ ဖမ်းရောင်း

Wednesday 24 July 2013

ပြန်လွှတ်လေ့ရှိသောငါးရွေးကြီးများ ဈေးကောင်းရ၍ ဖမ်းရောင်း

Photo: ပြန်လွှတ်လေ့ရှိသောငါးရွေးကြီးများ ဈေးကောင်းရ၍ ဖမ်းရောင်း

ဟင်္သာတ၊ ဇူလိုင် ၂၃

ရေဘုရင်ဟု ရေလုပ်သားများက သတ်မှတ်ပြီး ဖမ်းမိပါက ပြန်လွှတ်လေ့ရှိသော ငါးရွေးငါးကြီးများကို ပြည်ပပို့ကုန်အဖြစ် ဈေးကောင်းရသောကြောင့် ဖမ်းဆီးရောင်းချ ကြကြောင်း ဟင်္သာတခရိုင် အတွင်းရှိ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ဟင်္သာတခရိုင် တစ်ခုလုံးရှိ ငါးဒိုင်များသို့ တစ်နှစ်လျှင် ငါးရွေးငါးကြီးများ အကောင်ရေ ၁၂၀ ကျော် ဝင်ရောက်မှုရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရန် မြဝတီနယ်စပ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သို့ တင်ပို့ရန် မူဆယ်မြို့ တို့မှ ဝယ်ယူခြင်း ဖြစ်ကြောင်း ငါးဒိုင်လုပ်ငန်းရှင် များက ပြောဆိုသည်။

တစ်လလျှင် ငါးရွေးငါးတစ်ကောင်မှ သုံးကောင်ခန့် အထိ ၄င်း၏ဒိုင်က ဝယ်ယူ ရရှိလေ့ ရှိကြောင်း ဟင်္သာတမြို့မှ ငါးဒိုင် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ငါးရွေးငါးကြီးများကို ငဝန်မြစ်နှင့် ဧရာဝတီမြစ်တို့တွင် တွေ့ရလေ့ရှိသည်ဟု ရေလုပ်သား ဦးဖိုးကြန်က ဆိုသည်။

ငါးရွေးငါး ဈေးကွက်မှာ ဟင်္သာတမြို့တွင် လက်ရှိပေါက်ဈေး တစ်ပိဿာ ငါးထောင် ကျပ်ဖြင့် ဝယ်ယူရပြီး ရန်ကုန်ဈေးနှင့် နယ်စပ် ဈေးမှာ ပုံသေမရှိဘဲ အလေးချိန် ငါးပိဿာမှ ပိဿာငါးဆယ်ကျော် အကောင်များမှာ ဈေးကွက် ဝင်ကြောင်း ငါးဒိုင်များထံမှ သိရသည်။

လွန်ခဲ့သည့်သုံးနှစ်က ဇလွန်မြို့နယ် ဧရာဝတီမြစ်ပြင် ပေါ်သို့ ပေ၂၀ ကျော်သည့် ငါးရွေးကြီး ပေါ်လာဖူးပြီး ရေလုပ်သားများက မဖမ်းဘဲ ထားခဲ့ကြောင်း ရေလုပ်ငန်းရှင် ဦးကျော်သူရက ပြောကြားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...