ဧဒင်အချစ်ပုံပြင်: "အိန္ဒိယတွင် ဟိုတယ် ပြိုကျမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး"

Monday 8 July 2013

"အိန္ဒိယတွင် ဟိုတယ် ပြိုကျမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး"


Photo: "အိန္ဒိယတွင် ဟိုတယ် ပြိုကျမှုကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံး"
Monday, July 08, 2013

အိန္ဒိယနိုင်ငံတွင် ဟိုတယ်အဆောက်အအုံ ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ(၁၂)ဦးထက်မနည်း သေဆုံးကြောင်း သတင်းများက ဖော်ပြ
ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ဆီကွန်ဒါဘက်ဒ်တွင် ဖြစ်ပွားသော မတော်တဆမှုအတွင်း အနည်းဆုံး လူပေါင်း (၁၈)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တနင်္လာနေ့ နံနက်ပိုင်းက ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသော (၂)ထပ် အဆောက်အအုံ တစ်ခု ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်သည်။ 

#City #Light ဟိုတယ် ပြိုကျရခြင်း အကြောင်းရင်းကို မသိရှိရသေးသလို အပျက်အစီးများ အောက်တွင် အသက်ရှင်လျှက် ပိတ်မိနေသူများ ရှိမရှိကို မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင်မူ အပျက်အစီး
များကြား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

အိန္ဒိယတွင် အဆောက်အအုံ ပြိုကျမှုများသည် ကြုံတွေ့ရတတ်သည့် အခြေအနေမျိုးဖြစ်ပြီး အဓိကအားဖြင့် ဆောက်လုပ်ရေး နည်းစနစ်ပိုင်း ညံ့ဖျင်းမှုများကြောင့်ဟု ဆိုသည်။ လူစည်ကားရာ လမ်းမတစ်ခုပေါ်တွင် တည်ရှိသည့် ဟိုတယ် ပြိုကျချိန်တွင် အတွင်း၌ အလုပ်လုပ်နေသူ (၂၅)ဦး
ထိ ရှိနေကြောင်းလည်း သိရသည်။ 

ရဲအရာရှိ ဘီဆူရန်ဒါက "အဆောက်အအုံက သိပ်ကို ဟောင်းနွမ်းနေပြီ။ နံရံတွေကို ကြည့်ရင်လည်း အက်ရာတွေ ထင်နေပြီလို့ အနီးအနား
က နေထိုင်သူတွေက ပြောပါတယ်"ဟု AFPသို့ ပြောဆိုသွားသည်။ ပြီးခဲ့သည့်လက မွမ်ဘိုင်းတွင် အဆောက်အအုံ ပြိုကျမှု (၂)ခု ဖြစ်ပွားပြီး စုစုပေါင်း လူ(၉)ဦး သေဆုံးခဲ့သည်။ ဧပြီလ အတွင်းက မွမ်ဘိုင်း ဆင်ခြေဖုံးတွင် အဆောက်အအုံတစ်ခု ပြိုကျရာ လူပေါင်း (၇၄)ဦးထိ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။|

Planet Myanmar Network
အိန္ဒိယနိုင်ငံတွင် ဟိုတယ်အဆောက်အအုံ ပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ရာ လူ(၁၂)ဦးထက်မနည်း သေဆုံးကြောင်း သတင်းများက ဖော်ပြ
ခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ ဆီကွန်ဒါဘက်ဒ်တွင် ဖြစ်ပွားသော မတော်တဆမှုအတွင်း အနည်းဆုံး လူပေါင်း (၁၈)ဦးမျှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ တနင်္လာနေ့ နံနက်ပိုင်းက ဟိုတယ်အဖြစ် ဖွင့်လှစ်ထားသော (၂)ထပ် အဆောက်အအုံ တစ်ခု ရုတ်တရက် ပြိုကျခဲ့ခြင်း ဖြစ်သည်။


‎#City ‎#Light ဟိုတယ် ပြိုကျရခြင်း အကြောင်းရင်းကို မသိရှိရသေးသလို အပျက်အစီးများ အောက်တွင် အသက်ရှင်လျှက် ပိတ်မိနေသူများ ရှိမရှိကို မပြောနိုင်သေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ လက်ရှိတွင်မူ အပျက်အစီး
များကြား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

အိန္ဒိယတွင် အဆောက်အအုံ ပြိုကျမှုများသည် ကြုံတွေ့ရတတ်သည့် အခြေအနေမျိုးဖြစ်ပြီး အဓိကအားဖြင့် ဆောက်လုပ်ရေး နည်းစနစ်ပိုင်း ညံ့ဖျင်းမှုများကြောင့်ဟု ဆိုသည်။ လူစည်ကားရာ လမ်းမတစ်ခုပေါ်တွင် တည်ရှိသည့် ဟိုတယ် ပြိုကျချိန်တွင် အတွင်း၌ အလုပ်လုပ်နေသူ (၂၅)ဦး
ထိ ရှိနေကြောင်းလည်း သိရသည်။

ရဲအရာရှိ ဘီဆူရန်ဒါက "အဆောက်အအုံက သိပ်ကို ဟောင်းနွမ်းနေပြီ။ နံရံတွေကို ကြည့်ရင်လည်း အက်ရာတွေ ထင်နေပြီလို့ အနီးအနား
က နေထိုင်သူတွေက ပြောပါတယ်"ဟု AFPသို့ ပြောဆိုသွားသည်။ ပြီးခဲ့သည့်လက မွမ်ဘိုင်းတွင် အဆောက်အအုံ ပြိုကျမှု (၂)ခု ဖြစ်ပွားပြီး စုစုပေါင်း လူ(၉)ဦး သေဆုံးခဲ့သည်။ ဧပြီလ အတွင်းက မွမ်ဘိုင်း ဆင်ခြေဖုံးတွင် အဆောက်အအုံတစ်ခု ပြိုကျရာ လူပေါင်း (၇၄)ဦးထိ အသက်ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။|

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...