


တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီကို ပြန်ကြည့်တော့ နဝရတ်အနေနဲ့ အရမ်းကျေနပ်တယ်။
အရမ်း
အားရပါတယ်။ ဖက်ရှင်လည်း မအောက်ဘူး။ လုံးဝကွက်တိ ပဲဖြစ်သွားတယ်။
ဒီဇာတ်ကားနဲ့သာ မှတ်တိုင်ထူနိုင်ခဲ့ရင် ဇာတ်ကားရိုက်ဖို့
ဝတ္ထုစာအုပ်လာပေးတဲ့ ပရိသတ်ကို ဘယ်လို တုံ့ပြန်ဖို့ အစီအစဉ်ရှိလဲဆိုတော့
အခုသွား ပြီးတော့ ကျေးဇူးဆပ်ရမှာ။ ရှာပြီးတော့ ကျေးဇူး ဆပ်ရမှာပါ။
အခုဂျာနယ် ဖတ်မိရင်လည်း အဲဒီပရိသတ် ဆက်သွယ်ပါလို့ ပြောချင်ပါတယ်။ ရိုက်ရင်
အကယ်ဒမီ မှန်းကြတယ်။ နဝရတ်ကရောဆိုတော့ နဝရတ်ကတော့ အကုန်လုံးကို ရစေချင်တယ်။
ပရိသတ်ရင်ထဲရဲ့ အနက်ရှိုင်းဆုံး တစ်နေရာ၊ ပြီးတော့ အကယ်ဒမီ မှတ်တိုင်ပေါ့။
နဝရတ်တစ်ယောက် တည်းမဟုတ်ဘဲ အကုန်လုံးကို ရစေချင်ပါတယ်။
တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ဇာတ်ကားမှာ မာနကြီးတဲ့ပုံစံနဲ့ ရိုးသားတဲ့ ပုံစံနှစ်ခုမှာ ဘယ်ပုံစံကို သရုပ်ဆောင်ရတာကို ကိုယ်နဲ့အံဝင် ပိုကျလဲဆိုတော့ နှစ်ခုလုံးတော့ အဆင်ပြေ ပါတယ်။ အကုန်လုံးက အကယ်ဒမီ မှန်းကျတော့ အခုချိန် ကတည်းက အကယ်ဒမီဝတ်စုံကို ချုပ်ထားပြီလားဆိုတော့ နဝရတ်က နှစ်တိုင်းမတူအောင် တစ်နှစ်တစ်ခါ ဝတ်တယ်လေ။ ဒီနှစ်လည်း ကြည့်လေ။ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ် ကားမှာ နောက်ဆုံးအရာအားလုံးကို သိသွားပြီး သီလရှင်ဝတ်သွားတော့ အပြင်မှာရော အဲဒီလိုမျိုးသီလရှင် ဝတ်ဖြစ်မှာလားဆိုတော့ အဲဒါတော့ မပြောတတ်ဘူး။ နဝရတ် သရုပ်ဆောင်တာပါ။ ဒီဇာတ်ကားလေးနဲ့ ပရိသတ်ရင်ထဲ နဝရတ်ရောက်ရင်ပဲ ကျေနပ်ပါတယ်။ ပရိသတ်အတွက် နဝရတ်ပါ။
ရိုးရာလေး..
No comments:
Post a Comment