ဧဒင်အချစ်ပုံပြင်: ဆရာဝန်များ၏ခွင့်ပြုချက်ရပါက အဆိုတော်ဆိုတေးကို ဘန်ကောက်သို့ ဆေးကုသမည်

Tuesday 16 July 2013

ဆရာဝန်များ၏ခွင့်ပြုချက်ရပါက အဆိုတော်ဆိုတေးကို ဘန်ကောက်သို့ ဆေးကုသမည်

Photo: ဆရာဝန်များ၏ခွင့်ပြုချက်ရပါက အဆိုတော်ဆိုတေးကို ဘန်ကောက်သို့ ဆေးကုသမည်
Tuesday, July 16, 2013

အမြန်လမ်းတွင်ယာဉ်တိမ်းမှောက်မှုကြောင့် မန္တလေးအထွေထွေရော ဂါကု ဆေးရုံကြီးအထူးကြပ်မက်ကုသဆောင်တွင် ဆေးကုသမှုခံယူလျှက်ရှိသော တေးသံရှင်ဆိုတေးအား ဆရာဝန်များ၏ခွင့်ပြုချက်ရပါ က ဘန်ကောက်ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ၄င်း၏ဦးလေးတော်စပ်သူ ဦးရဲမြင့်အောင်က ပြောသည်။

ဖိုးချစ်တို့ သူ့အမေတို့နဲ့ တိုင်ပင်နေပါတယ်။ ဆရာဝန်ကြီးတွေရဲ့ခွင့်ပြုချက်ရရင် ဘန်ကောက်ဖြစ်ဖြစ် စင်္ကာပူဖြစ်ဖြစ် ပို့ဆောင်ကုဖို့လုပ်နေပါတယ်ဟု ဦးရဲမြင့်အောင်က ပြောသည်။ဆိုတေး၏ကျန်းမာရေး အခြေနေမှာ တိုးတက်ကောင်းမွန်လျှက်ရှိပြီး သတိမရသေးသော်လည်း ကိုယ်လက်လှုပ် ရှားမှုများရှိလာပြီးဖြစ်ကာ လက်တလောတွင်ထွက်ပေါ်နေသည့် ကောလဟလ
များအတွက် လွန်စွာမှစိတ်မကောင်းဖြစ်မိကြောင်း ကောလဟလများကြောင့် ဆိုတေ၏ပရိသတ်မျာဆွေးမျိုးများမှာ ဆေးရုံသို့ ခဏခဏရောက် လာမေးမြန်းကြောင်းး နယ်ဝေးမှ ဆွေမျိုးများ စိတ်ထိခိုက်မှု
ရှိပြီး ကော လ ဟ လပြောသူများအား အထူးတောင်းပန်ပါကြောင်း ဆိုတေး၏ကျန်းမာရေးအခြေနေမှာ အများကြီးကောင်းမွန်လာပြီဖြစ်ကြောင်း တစ်ရက်နှစ်ရက်အတွင်း သတိရလာမည်ဟု ဆရာဝန်များက
ပြောကြောင်း ဦးရဲမြင့်အောင်က ထပ်လောင်းပြောကြားသည်။

ယာဉ်တိမ်းမှောက်ရာတွင် ပါဝင်ခဲ့သူမ၀င်းဂရိသူ၏ဈာပနကို ယနေ့နေ့လည် ၁နာရီတွင် ရေဝေးသုသန်တွင် သင်္ဂြီလ်ုခဲ့သည်။ဇူလိုင်(၁၄)၊ အမြန် လမ်းမိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံးပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင်
ယာဉ်မောင်းသန်းဝင်းလှိုင်အပါအ၀င် ဆိုတေး(ခ)အောင်သက် ပိုင်(၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ)မ၀င်းဂရိသူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင်ကု သစဉ်သေဆုံးသွားကြောင်းသိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖိုးလပြည့်
Popular Myanmar News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...