ဧဒင်အချစ်ပုံပြင်: ဆိုင်ကယ်တစ်စီးတွန်းလာသည့် မသင်္ကာသူအားစစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်

Tuesday, 16 July 2013

ဆိုင်ကယ်တစ်စီးတွန်းလာသည့် မသင်္ကာသူအားစစ်ဆေးရာမှ ခိုးမှုပေါ်ပေါက်

Photo: ဆိုင်ကယ်တစ်စီးတွန်းလာသည့် မသင်္ကာသူအားစစ်ဆေးရာမှ
ခိုးမှုပေါ်ပေါက်

ရန်ကုန်၊ ဇူလိုင် ၁၆

၁၂.၇.၂၀၁၃ ရက်နေ့ ၀၂၃၀ အချိန် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်း တာဝန် ဆောင်ရွက်စဉ် ကြည့်မြင်တိုင်မြို့နယ် ဆေး/ငြိမ်းရပ်ကွက်၊ ထီးတန်းလမ်းမတန်းတွင် ကျော်သူစိုး(ခ)ဖိုးငို၊(၁၈)နှစ်၊(ဘ)ဦးမြင့်စိုး၊ လှိုင်သာယာမြို့နယ်နေသူအား ဆိုင်ကယ်(၁)စီးတွန်း လာသည်ကိုမသင်္ကာတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာ ၎င်းသည်စံပြငါးဈေးအနီး နတ်စင်လမ်းရှိ မုန့်တီဆိုင် တွင်ရှိနေစဉ် ငရဲပါ(၆)ဦးတို့မှ ဆိုင်ကယ်(၃)စီးဖြင့်ရောက်ရှိလာပြီး ANDBO 125 အမျိုးအစား ဆိုင်ကယ်(၁)စီးအား ပေးအပ်သဖြင့် ငရဲအားမေးမြန်းရာ လမ်းမတော်မြို့နယ် သန့်ရှင်းရေးရုံးအနီးမှ ခိုးယူခဲ့ကြောင်းပြောပြ
သိရှိရပြီး ငရဲပါ(၆)ဦးနှင့် အတူ အလုံ မြို့နယ်ဘက်သို့
လိုက်ပါစီးနင်းခဲ့ရာ လူစုကွဲသွားသဖြင့် လိုက်လံရှာဖွေနေစဉ် ဆိုက်ကယ်မှောက်ကာ စက်ပျက်သွား၍ တွန်းလာခဲ့ခြင်းဖြစ်ကြောင်းစစ်ဆေးးပေါ်ပေါက်သောကြောင့်
ကျော်သူစိုး(ခ)ဖိုးငိုအား ကြည့်မြင်တိုင် မြို့မ ရဲစခန်း(ပ)၅၂၆/၂၀၁၃၊
ပုဒ်မ ၃၈၀/၅၄ ဖြင့်အရေးယူထားရှိပြီး ကျန်တရားခံများ
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...