ဧဒင်အချစ်ပုံပြင်: တက္ကဆက် roller coaster ကြီးပေါ်က ပြုတ်ကျသော အမျိုးသမီးသေဆုံး

Wednesday 24 July 2013

တက္ကဆက် roller coaster ကြီးပေါ်က ပြုတ်ကျသော အမျိုးသမီးသေဆုံး

texascoaster
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် မြောက်ပိုင်းက အပန်းဖြေဥယျာဉ်တွင်ရှိသော roller coaster ကြီးပေါ်က ပြုတ်ကျခဲ့သော အမျိုးသမီးဟာ ယင်းမတော်တဆ ဖြစ်စဉ်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို Six Flags roller coaster ကြီးသည် ကမ္ဘာပေါ်တွင် စတီးဖြင့် စပ်လုပ်ထားသည့် roller coaster များထဲတွင် ကမ္ဘာ့အမြင့်ဆုံး roller coaster ကြီးဖြစ်ကြောင်း သိရသည်။

ယင်းမတော်တဆမှုသည် သောကြာနေ့ ညနေ(၆)နာရီခွဲက ဖြစ်ပွားခဲ့တာဖြစ်သည်။ ယင်းအပန်းဖြေဥယျာဉ်မှ ပြောခွင့်ဆိုခွင့်ရှိသူ အမျိုးသမီး၏ ပြောကြားချက်အရ သေဆုံးသူသည် roller coaster စီးစေတုန်း သေဆုံးခဲ့တာဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပေမယ့် မည်သို့မည်ပုံ သေဆုံးသွားခဲ့သည်ဆိုသည်တော့ သေချာမပြောခဲ့ပေ။
မျက်မြင်တစ်ဦး၏ ပြောကြားချက်အရ သူမသည် roller coaster ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
roller coaster ဟာ အပေါ်တက်သွားပြီး အောက်ပြန်ဆင်းသောအခါ သူမရှေ့ရှိ လုံခြုံရေးအရံအတား (safety bar)ဟာ လွတ်ထွက်သွားပြီး သူမဟာ ကျွမ်းထိုးမှောက်ခုံ ပြုတ်ကျသွားခြင်းဖြစ်ကြောင်း ထိုမျက်မြင်သက်သေက ပြောဆိုခဲ့သည်။
ထို မတော်တဆ ဖြစ်သွားချိန်တွင် မျက်မြင်သက်သေက ထို  roller coaster စီးဖို့ရန် တန်းစီနေသော လိုင်းထဲ၌ စောင့်စားနေချိန်လဲဖြစ်ကြောင်း ဆိုခဲ့သည်။
ထိုအမျိုးသမီး၏အလောင်း တင်နေခဲ့သော အောက်ပိုင်းက  roller coaster ပေါ်သို့ မီးသတ်သမားများဟာ ထရပ်လှေကား အသုံးပြုပြီး သူမအလောင်းကို ယူခဲ့ရကြောင်းလည်း သိရသည်။
Six Flags က ထိုအမျိုးသမီး၏ သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း ဆိုခဲ့ပြီး သူမပြုတ်ကျသေဆုံးသော မတော်တဆ ဖြစ်ပွားခဲ့သည့် ဥယျာဉ် နေရာပိုင်းအား ခေတ္တပိတ်ထားကြောင်း သိရသည်။
(၂၄)ယောက် တက်စီးနိုင်သော ထို roller coaster ကြီးဟာဆိုရင် (၁၄)ထပ်ရှိပြီး အကျ၌ ၇၉ ဒီဂရီ ၊ အကွေ့များ၌ ၉၅ ဒီဂရီ ရှိပြီး ၁၉၉၀ ခုနှစ်၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစပထမပိုင်းတွင် သစ်သားများဖြင့် ပြုလုပ်ထားသော  roller coaster ကြီးဖြစ်ကာ ၂၀၁၀ ခုနှစ်က စတီးဖြင့်စပ်ထားသော  roller coaster ကြီးအဖြစ် အမေရိကန်ဒေါ်လာ သိန်း(၁၀၀) အကုန်အကျခံ ပြုပြင်ခဲ့ပြီး ၂၀၁၁ ခုနှစ်၌ ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Source : Fox News
ပုံရိပ်(burmesehearts.com)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...