ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံ မယ်ဆိုင်ရဲတစ်ချို့မှ မြန်မာနိုင်ငံသားများအား အနိုင်ကျင့်မှုအပေါ် ကာကွယ်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းတော့မည်

Monday 26 August 2013

ထိုင်းနိုင်ငံ မယ်ဆိုင်ရဲတစ်ချို့မှ မြန်မာနိုင်ငံသားများအား အနိုင်ကျင့်မှုအပေါ် ကာကွယ်နိုင်ရန်အတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းတော့မည်

တာချီလိတ်မြို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၌ တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး မြန်မာ-ထိုင်း နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသား ပြည်သူများအနေဖြင့် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက်၍ ၀မ်းရေးအတွက် လုပ်ကိုင်ရှာဖွေစားသောက်ရသည့်အပြင်၊ အလည်သွားလာခြင်းနှင့် ဈေးဝယ်ထွက်မှုများ ပြုလုပ်လေ့ရှိရာ ထိုင်းရဲတစ်ချို့မှာ မြန်မာနိုင်ငံသားများအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံမှုများ၊ ထောင်ချမှုများပြုလုပ်သည့်
ဓလေ့စရိုက်ရှိသည့်အတွက် မြန်မာနိုင်ငံသားများအနေဖြင့် ခံလာရသည့်ကိစ္စရပ်မှာ များပြားလျှက်ရှိကြောင်း သိရှိရသည်။



ယင်းကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးတို့မှ တာချီလိတ်မြို့ရှိ ပြည်သူလူထုအတွက် ကာကွယ်ပေးနိုင်မှု အပြင် ကူညီပေးနိုင်မှုများ ရရှိစေရန်အတွက် အခိုင်အမာဖြစ်စေရန်ရည်ရွယ်ကာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ မတရားခံရသော
မြန်မာနိုင်ငံသားများအား ကူညီနိုင်ရေးတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း
သိရသည်။

အဆိုပါ ကော်မတီအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တစ်ခုတည်းဖြင့် ဖွဲ့စည်းမှာ မဟုတ်ပဲ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ အပါအ၀င် လူမှုရေးအသင်းအဖွဲ့များဖြင့် ဖွဲ့စည်းမှာ ဖြစ်ကြောင်း သိရသည်။

သို့ပါ၍ အဆိုပါ ကိစ္စအတွက် အကြံပြုနှီးနှောဖလှယ်မှုနှင့် အစည်းအဝေးတစ်ရပ်ကို ၂၆.၈.၂၀၁၃ရက် ၊နေ့လည် ၂ နာရီအချိန်မှာ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်မည်ဖြစ်ရာ တာချီလိတ်မြို့ရှိ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်မှာဖြစ်ပြီး ထိုင်းရဲတစ်ချို့၏ ခြိမ်းခြောက်ငွေညှစ်မှုများကို ခံခဲ့ရသူများမှလည်း မိမိတို့၏ အတွေ့အကြုံကိုလည်း ပြန်လည် မျှဝေနိုင်ကြောင်း သိရှိရသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
Tachileik Online News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...