ဧဒင်အချစ်ပုံပြင်: ကင်ဆာဝေဒနာရှင်၏ ဝှေးစေ့အားဆရာဝန်များ ဘယ်ညာမှားဖြတ်

Friday 23 August 2013

ကင်ဆာဝေဒနာရှင်၏ ဝှေးစေ့အားဆရာဝန်များ ဘယ်ညာမှားဖြတ်


အင်္ဂလန်နိုင်ငံတောင်ပိုင်း
ဆာလစ်ဘူရီမြို့ ဆေးရုံတစ်ရုံမှ ဝှေးစေ့ကင်ဆာ ဝေဒနာသည်တစ်ဦးကို
ခွဲစိတ်ကုသရာတွင် ခွဲစိတ်ဆရာဝန်များက ဝှေးစေ့ဘယ်နှင့်ညာ မှားဖြတ်
ခဲ့မိကြသည်။ခွဲစိတ်ဆရာဝန်များသည် ထိုသို့မှားယွင်းမှုများကို
ခွဲစိတ်ကုသမှုများပြုလုပ်ပြီး မိနစ်၄၀အကြာမှ သတိပြုမိခဲ့ကြောင်း သိရှိရသည်။


အသက်၄၈နှစ်အရွယ်ရှိ အမည် မဖော်လိုသည့် ကုမ္ပဏီဒါရိုက်တာ တစ်ဦးဖြစ်သူသည်
ထိုသို့ဝှေးစေ့မှားယွင်း အဖြတ်ခံခဲ့ရခြင်းကြောင့် ၎င်း၏ဘ၀တစ်သက်တာ၌
သားသမီးရရှိတော့မည် မဟုတ်ကြောင်း သတင်း ထောက်များအား ၀မ်းနည်းဖွယ်
ပြောကြားသွားခဲ့သည်။ထိုဖြစ်ရပ်နှင့်ပတ်သက်၍ ဆာလစ်ဘူရီမြို့အခြေစိုက်
NHSဖောင်ဒေးရှင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

myanmar daily news

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...