ဧဒင်အချစ်ပုံပြင်: သရုပ်ဆောင်မင်းသမီးသစ် သွန်းဆက်နဲ့ အင်တာဗျူး

Friday 23 August 2013

သရုပ်ဆောင်မင်းသမီးသစ် သွန်းဆက်နဲ့ အင်တာဗျူး


စိုင်းစိုင်းခမ်းလှိုင်နဲ့ သင်ဇာဝင့်ကျော်တို့ အဓိကနေရာက ပါဝင်ထားတဲ့ “နမ်းသူ့သမိုင်း” ဗီဒီယိုဇာတ်ကားလေးကို ကြည့်မိခဲ့ဖူးသူဆိုရင် သွန်းဆက်ကို သိရှိနေပြီး ဖြစ်နေပါလိမ့်မယ် ။ လူမင်း ၊ ၀တ်မှုံရွှေရည်တို့နဲ့ ရိုက်ကူးထားတဲ့ “ မိန်းကလေးတစ်ယောက် အသည်းကွဲနေသည်” ဆိုရင်လည်း သွန်းဆက်ကို ပရိသတ် သိရှိစေခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။ လတ်တလောမှာတော့
သွန်းဆက်က “ငြိတယ်” ဆိုတဲ့ ဗီဒီယိုဇာတ်ကား တစ်ကားမှာ ပါဝင်သရုပ်ဆောင်လို့ နေပါတယ်။ လတ်တလော အနုပညာလှုပ်မှုနဲ့ ပတ်သက်လို့ သွန်းဆက်နဲ့ စကားပြောကြည့်ဖြစ်ခဲ့ရာမှာတော့ အခုလို သိရှိခွင့် ရရှိခဲ့ပါလေရဲ့..................



မေး။          ။ “မိန်းကလေးတစ်ယောက် အသည်းကွဲနေသည်” က သွန်းဆက်အတွက် ပွဲဦးထွက် ဇာတ်ကားလား။

ဖြေ။         ။ ပွဲဦးထွက် ရိုက်တာတော့ မဟုတ်ပါဘူး။ ရှေ့မှာ အောင်သီရိထုတ်လုပ်ရေးနဲ့ ရိုက်ထားတာတော့ ရှိတယ်။ “နမ်းသူ့သမိုင်း” ဆိုတဲ့ ဇာတ်ကားရိုက်ထားပါတယ်။ အဲဒါအရင်မထွက်ပဲ “မိန်းကလေးတစ်ယောက်အသည်းကွဲနေသည်” ဇာတ်ကားက ဒုတိယမြောက်ရိုက်ပြီး အရင်ထွက်သွားတာ။



မေး။         ။ ဒါပေမယ့် ပထမဆုံး ဖြန့်ချီလိုက်တဲ့ ဇာတ်ကားမှာ ကိုယ့်ကို လူသိတယ်ဆိုတော့ အဲဒါကံကောင်းတာပေါ့နော်။

ဖြေ။         ။ ဟုတ်ကဲ့။ ကံကောင်းတယ်လို့ ပြောရမှာပေါ့နော်။ ပရိသတ်တော်တော်များများက သမီးကို သိသွားပြီဆိုတော့ အရမ်းကျေနပ်တယ်။



မေး။        ။ ဇာတ်ကားတွေ ထပ်ရိုက်ဖြစ်တာတော့ ရှိမှာပေါ့။

ဖြေ။         ။ အောင်ရဲလင်း၊ မြင့်မြတ်၊ စည်ဖြိုး၊ စိုင်းစိုင်းတို့နဲ့ရိုက်ထားတဲ့ ဇာတ်ကားတွေရှိသလို ကိုနေတိုးနဲ့လည်း သြဂုတ်လထဲမှာ ဇာတ်ကားရိုက်ဖြစ်ပါတယ်။



မေး။        ။ သ၀န်တိုရတဲ့ကောင်မလေးနေရာ သရုပ်ဆောင်ရတာ ဘယ်နှစ်ကားလောက်ရှိပြီလဲ။

ဖြေ။        ။ သမီးရိုက်ရတဲ့ ဇာတ်ကားတွေထဲမှာ လေးကားလောက်က သ၀န်တိုရတဲ့ ကောင်မလေး နေရာမျိုးဖြစ်နေတယ်။



မေး။       ။ ဒါရိုက်တာ ၀င်းထွန်းထွန်းရိုက်တဲ့ ဇာတ်ကားမှာလည်း သွန်းဆက်က ချစ်သူကို သ၀န်တိုရတဲ့ ကောင်မလေးပေါ့နော်။

ဖြေ။       ။ ဟုတ်ပါတယ်။ ဇာတ်ကားနာမည်က ငြိတွယ်လို့ ပေးထားပါတယ်။



မေး။       ။ ဇာတ်ကားရိုက်ကူးမှု အတွေ့အကြုံက ၁၀ ကားနီးပါးရှိပြီလား။

ဖြေ။       ။ ဆယ်ကားတော့ မပြည့်သေးဘူး။ ၇ ကားနီးပါးတော့ ရှိပြီ။



မေး။       ။မော်ဒယ်လ်အနေနဲ့  သွန်းဆက်ကို လူသိခဲ့တာ မဟုတ်ဘူးထင်တယ်။

ဖြေ။       ။ မော်ဒယ်လ်တော့ လုပ်ခဲ့ပါတယ်။ဦးချိုကြီးရဲ့ မော်ဒယ်လ်အေဂျင်စီမှာ ရှိုးတွေလျှောက်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေရင်းနဲ့ဆိုတော့ ပညာဆုံးခန်းတိုင်မှာပဲ အနုပညာအလုပ်ကို သေသေချာချာလုပ်ဖြစ်တာပါ။



မေး။       ။ နေရာရတဲ့ဇာတ်ကောင်စရိုက် သရုပ်ဆောင်ရတာရောများလား။

ဖြေ။        ။ ခေါင်းဆောင်အနေနဲ့ နှစ်ကား၊ သုံးကားတော့ ရိုက်ထားပါတယ်။ အပြိုင်ဇာတ်ရုပ်တွေလည်း သရုပ်ဆောင်ထားပါတယ်။



မေး။        ။ ဇာတ်ကားရိုက်ကူးမှုအတွေ့အကြုံတော့ ရပြီပေါ့။

ဖြေ။        ။ နည်းနည်းတော့ရပါပြီ။ စီနီယာတွေကလည်း သင်ထားပေးတယ် ဆိုတော့လေ။



မေး။       ။ သူများကို သည်းခံရတာမဟုတ်ဘဲ ကိုယ့်စိတ်နဲ့ကိုယ် သည်းခံရတာတွေရော ရှိလား။

ဖြေ။        ။ သမီးစပြီးရိုက်တဲ့ အချိန်ကဆိုရင် ဒိုင်ယာလော့ခ်အတွက် အခက်အခဲရှိတယ်။ တစ်ချို့စကားလုံးတွေဆိုရင် သမီးမကြားဖူးတာတွေပါတယ်။ ပြီးတော့ သမီးလူမျိုးခြားဆိုတော့ စကားမပီတာလည်းပါတယ်။ အဲဒါကြောင့် မနည်းထိန်းပြောရတယ်။ အဲလိုဆိုရင် စိတ်ညစ်တဲ့ အချိန်တော့ ရှိတာပေါ့နော်။ ဒါပေမယ့် အမေကအမြဲပြောပါတယ်။ သမီးလုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်အောင်လုပ်ပါတဲ့။ အဲဒါကြောင့် ဒိုင်ယာလောခ်ကို ခဏခဏရွတ်ပြီး ပြောနေပါတယ်။” ဆိုပြီး သွန်းဆက်နဲ့ ခဏတာတွေ့ဆုံခိုက်မှာ မေးမြန်းသမျှကို ဖြေပေးသွားခဲ့ပါတယ်။



 သရုပ်ဆောင် သွန်းဆက်ရဲ့ ဖလန်းဖလန်း PHOTO ကြည့်ရန်

Friday(Malay)

Myanmar Daily News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...