ဧဒင်အချစ်ပုံပြင်: " ဂန္တ၀င် အလှ မြန်မာရာမ ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသု "

Wednesday 14 August 2013

" ဂန္တ၀င် အလှ မြန်မာရာမ ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသု "

Photo: " ဂန္တ၀င် အလှ မြန်မာရာမ ဇာတ်လမ်းတွဲ မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသု "
Wednesday, August 14, 2013

စိုင်းစိုင်းကို ချစ်တယ် ဆိုတဲ့ ဇာတ်ကားမှာ ဆိုက်ကို ဆန်ဆန် ဇာတ်ရုပ်နဲ့ ပရိတ်သတ် အသိအမှတ် ပြုခြင်းခံခဲ့ရတဲ့ ပိုင်ဖြိုးသုဆိုတဲ့ ကောင်မလေး က လက်ရှိမှာ ဂန္တ၀င်အလှ မြန်မာရာမဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်
ထားတယ်လို့ သိရပါတယ်..

ယာဉ်ကျေးမှုတက္ကသိုလ်က နောက်ဆုံးနှစ် ကျောင်းသူလေးရဲ့  ရာမဇာတ်နဲ့ ပက်သက်တဲ့ စာတမ်းပြုစုရာမှ အစပြုထားတဲ့ ဇာတ်လမ်းဖြစ်ပြီး အပိုင်း ၈ ပိုင်းပါ Mini Episode အဖြစ် ရဲသီပာကို နဲ့ မင်းပိာဏ်းခန့်  တို့တွဲဖက်
သရုပ်ဆောင်ထားတာပါ.. ဘယ် Channel က လွှင့်ဖြစ်မလဲတော့ အတိအကျ မသိရသေးဘူးဆိုတဲ့ ပိုင်ဖြိုးသုက လက်ရှိမှာ ဆေးကျောင်း FINAL PART 2 တတ်နေတာမို့ ဆေးရုံတစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ၀ါသနာပါရာ အနုပညာ အလုပ်တွေကို ကြိုးစားနေသူလေးပါ..

" စိုင်းစိုင်းကို ချစ်တယ် ဇာတ်ကားမှာ သမီးကို အားပေးခဲ့ကြတဲ့ ပရိတ်
သတ်ကြီးကို ကျေးဇူးတင်ပါတယ်.. ဇာတ်လမ်းတွဲ အပါအ၀င်နောက်ထပ်လဲ ဇာတ်ကား ၇ ကားထပ်ရိုက်ထားတာရှိပါတယ်.. သမီးကို ဆက်အားပေးပါဦး " လို့  ကျောက်မြက်ဖက်ရှင် ရိုက်ကူးေ၇းတစ်ခုမှာ ဆုံတုန်း ပိုင်ဖြိုးသုက
ပြောပြခဲ့ပါတယ်..

next! magazine myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...