ဧဒင်အချစ်ပုံပြင်: iPhone 5 ပေါက်ကွဲပြီး အသုံးပြုသူအမျိုးသမီး မျက်စိဒဏ်ရာရရှိခဲ့

Wednesday 14 August 2013

iPhone 5 ပေါက်ကွဲပြီး အသုံးပြုသူအမျိုးသမီး မျက်စိဒဏ်ရာရရှိခဲ့


Photo: iPhone 5 ပေါက်ကွဲပြီး အသုံးပြုသူအမျိုးသမီး မျက်စိဒဏ်ရာရရှိခဲ့

14.8.2013

တရုတ်အမျိုးသမီးတစ်ဦး အသုံးပြုသည့် iPhone 5 ဟန်းဆက်သည်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းမှ လွင့်စင်သည့် မှန်ကွဲစများကြောင့် မျက်စိ ကွယ်လုနီးပါး ဒဏ်ရာရရှိကာ မျက်ကြည်လွှာ ပွန်းပဲ့ခဲ့ကြောင်း တရုတ်
ပြည်တွင်းသတင်းဌာနတစ်ခုမှ ဖော်ပြခဲ့သည်။

လီ ဟုခေါ်သည့် အဆိုပါ အမျိုးသမီးသည် ၎င်း၏ ဖုန်းကို ၁ နှစ်နီးပါး အသုံးပြုပြီးဖြစ်ကာ ပေါက်ကွဲမှုဖြစ်သည့် screen ၏ ညာဘက်အပေါ်
ထောင့်နေရာတွင် လွတ်ကျထား၍ချိုင့်နေကြောင်း Dalian Evening သတင်းဌာနသို့ သူမကပြောကြားခဲ့သည်။ ဖုန်းပေါက်ကွဲမှု မဖြစ်ပွားမီ လီ သည် မိနစ် ၄၀ ခန့် ဖုန်းပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် သူမ၏ ပါးပြင်မှာ တဖြည်းဖြည်းပူနွေးလာပြီး ဖုန်းချရန် ကြိုးစားသော်လည်း touchscreen မှာ တုံ့ပြန်မှုမရှိတော့ကြောင်း၊ ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သူမကို ဆေးရုံ သို့ပို့ဆောင်ခဲ့ရကြောင်း အထက်ပါ သတင်းဌာနမှဖော်ပြခဲ့သည်။ 

Apple ၏ ဝန်ဆောင်မှုဌာနကမူ ယခုကိစ္စနှင့်ပတ်သက်၍ စစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ဆိုသည်။ 

လီ က ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကုမ္ပဏီထံမှ မည်သည့်နစ်နာကြေးကိုမှ ရယူလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ref: CNET Asia
Internet Journal
တရုတ်အမျိုးသမီးတစ်ဦး အသုံးပြုသည့် iPhone 5 ဟန်းဆက်သည်
ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းမှ လွင့်စင်သည့် မှန်ကွဲစများကြောင့် မျက်စိ ကွယ်လုနီးပါး ဒဏ်ရာရရှိကာ မျက်ကြည်လွှာ ပွန်းပဲ့ခဲ့ကြောင်း တရုတ်
ပြည်တွင်းသတင်းဌာနတစ်ခုမှ ဖော်ပြခဲ့သည်။

လီ ဟုခေါ်သည့် အဆိုပါ အမျိုးသမီးသည် ၎င်း၏ ဖုန်းကို ၁ နှစ်နီးပါး

အသုံးပြုပြီးဖြစ်ကာ ပေါက်ကွဲမှုဖြစ်သည့် screen ၏ ညာဘက်အပေါ်
ထောင့်နေရာတွင် လွတ်ကျထား၍ချိုင့်နေကြောင်း Dalian Evening သတင်းဌာနသို့ သူမကပြောကြားခဲ့သည်။ ဖုန်းပေါက်ကွဲမှု မဖြစ်ပွားမီ လီ သည် မိနစ် ၄၀ ခန့် ဖုန်းပြောဆိုခဲ့ကြောင်း၊ ထိုအချိန်တွင် သူမ၏ ပါးပြင်မှာ တဖြည်းဖြည်းပူနွေးလာပြီး ဖုန်းချရန် ကြိုးစားသော်လည်း touchscreen မှာ တုံ့ပြန်မှုမရှိတော့ကြောင်း၊ ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သူမကို ဆေးရုံ သို့ပို့ဆောင်ခဲ့ရကြောင်း အထက်ပါ သတင်းဌာနမှဖော်ပြခဲ့သည်။

Apple ၏ ဝန်ဆောင်မှုဌာနကမူ ယခုကိစ္စနှင့်ပတ်သက်၍ စစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ကြောင်း ဆိုသည်။

လီ က ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကုမ္ပဏီထံမှ မည်သည့်နစ်နာကြေးကိုမှ ရယူလိုခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

Ref: CNET Asia
Internet Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...