ဧဒင်အချစ်ပုံပြင်: နီပေါနိုင်ငံတွင် ဆင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံး

Tuesday 6 August 2013

နီပေါနိုင်ငံတွင် ဆင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံး

Photo: နီပေါနိုင်ငံတွင် ဆင်တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံး
Tuesday, August 06, 2013

နီပေါနိုင်ငံ ဆာလာဟီခရိုင် အတွင်း ရှိ ဟာရီပါ- ၁ ဒေသ၌ သြဂုတ် ၄ ရက် က ဆင်တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆင်သည် ခရိုင်အတွင်း အသက် ၃ဝအရွယ်ရှိ ယူပန်ဒရာ မဟာတို ဆိုသူနှင့် နှစ်နှစ်ခွဲ အရွယ် ဟီရီယာမဟာတို တို့အားတိုက်ခိုက်ခဲ့ခြင်း ဖြစ်
သည်။

တိုက်ခိုက်ခံရ

ယူပန်ဒရာသည် ဆင်၏ တိုက်ခိုက် မှုခံရချိန်တွင် ၎င်း၏ လယ်ကွင်းထဲ၌ အိပ်ပျော် နေခဲ့ခြင်းဖြစ်ပြီး ဟီရီယာမှာမူ သူမ၏ နေအိမ် အပြင်၌ အိပ်ပျော်နေစဉ် တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။

ထွက်ပြေးလွတ်မြောက်

ဆင်၏ တိုက်ခိုက်မှု ခံနေရစဉ်အတွင်း သူမ၏ အခြားသော မိသားစုဝင်
များသည် ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြသည်။ မိမိတို့သည် အိမ်ရှေ့၌ ရှိနေစဉ်တွင် ၎င်းဆင်သည် ရုတ်တရက်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိမိတို့မှာ ထွက်ပြေး လွတ်မြောက် ခဲ့သော်လည်း သမီးဖြစ်သူအား မကယ် ဆယ်နိုင်ခဲ့ကြောင်း ဟီရီယာ၏ ဖခင်က ဆင်ဟွာ သတင်းဌာနကို ပြောကြား
ထားသည်။

သေဆုံးခဲ့

၎င်းဆင်၏ တိုက်ခိုက်မှုကြောင့် အခြား ဒေသခံတစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်လအတွင်း အဆိုပါ ခရိုင်၌ ဆင်တိုက်ခိုက်မှုကြောင့် လူလေးဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က ပြောကြား ထားသည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...