ဧဒင်အချစ်ပုံပြင်: စိတ်ဝေဒနာရှင်နှင့် ကလေးတစ်ဦးကို မွေးစားဖခင်က အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆို

Tuesday 6 August 2013

စိတ်ဝေဒနာရှင်နှင့် ကလေးတစ်ဦးကို မွေးစားဖခင်က အဓမ္မကျင့်ရန် ကြံစည်သည်ဟုဆို

စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့ကို ၎င်းတို့၏ မွေးစားဖခင်ဖြစ်သူက အဓမ္မကျင့်ရန် ကြံသည်ဟုဆိုကာ တိုင်တန်းမှုတစ်ခု သန်လျင်ရဲစခန်းတွင် သြဂုတ် ၄ ရက်ကအမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် သူ့ညီမများဖြစ်သည့် အသက် ၁၂ နှစ်နှင့် အသက် ၉ နှစ်အရွယ် ကလေးနှစ်ဦး စုစုပေါင်းသုံးဦးကို

သန်လျင်မြို့နယ်ရှိ ကျေးရွာတစ်ခုမှ အသက် ၄၅ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက မွေးစားထားခဲ့ရာမှ ယခုအခါ ထိုကဲ့သို့ အဓမ္မကြံ စည်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ အမျိုးသားကြီးသည် သြဂုတ် ၂ ရက် ညက စိတ်ဝေဒနာရှင် အမျိုးသမီးကို အဓမ္မပြုရန် ကြံစည်ခဲ့သလို၊ လွန်ခဲ့သော ၁၀ ရက်ကျော်ကာလကလည်း ၎င်းမွေးစားထားသည့် အသက် ၁၂ အရွယ် ကလေးငယ်ကို အဓမ္မကျင့်ရန် ကြံစည်ခဲ့သေးသည်ဟု ယင်းအမှုကို တိုင်တန်းသည့် တရားလိုက ရဲစခန်းတွင် ထွက်ဆိုသည်။

သို့သော် ယခုအမှုကို တိုင်တန်းသည့် တရားလိုကို ရဲစခန်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြမထားပေ။ ယခုကိစ္စကို သန်လျင်ရဲစခန်းက အမှုအမှတ် (ပ) ၇၂၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှုဆိုင်ရာပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲဆိုရန် ကနဦးလျာထားပြီး စွပ်စွဲခံရသူ အမျိုးသားကြီးကိုလည်း ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်သည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
မဇ္ဈိမ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...