ဧဒင်အချစ်ပုံပြင်: စွမ်းအားရှင်ဂင်းနစ်စံချိန်တင်ရန်ကြိုးစားနေသူက NLD ပညာရေး ကွန်ယက် အတွက်ရန်ပုံငွေရှာဖွေ

Tuesday 6 August 2013

စွမ်းအားရှင်ဂင်းနစ်စံချိန်တင်ရန်ကြိုးစားနေသူက NLD ပညာရေး ကွန်ယက် အတွက်ရန်ပုံငွေရှာဖွေ

Photo: စွမ်းအားရှင်ဂင်းနစ်စံချိန်တင်ရန်ကြိုးစားနေသူက NLD ပညာရေး ကွန်ယက် အတွက်ရန်ပုံငွေရှာဖွေ 

6-8—2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် စွမ်းအားရှက်ဂင်းနစ်စံချိန်တင်ရန် ကြိုးစာနေသူ အသက်(၆၈)နှစ်ရှိ စလုံးလူမျိုး ဦးငြိမ်းချမ်း အောင်၏ ပြကွက်ဆန်းများကို ပြသ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေး ကွန်ယက် ရံပုံငွေရှာဖွေလျက်ရှိ ကြောင်း မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

“ မိုးညှင်းပြီးရင် နားမားကျေးရွာ၊ မော်ဟန်ကျေးရွာတွေကို သွားရောက်ပြ သမယ်။ ရရှိလာတဲ့ အလှူငွေတွေကို ပါတီအကျိုး အတွက် မသုံးဘဲ မိုးညှင်းမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ကျောင်းတွေကို ထောက်ပံ့ပေး သွားမယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဦးငြိမ်းချမ်းအောင်သည် မိမိအစွမ်းများဖြင့် လည်ပင်းပေါ်တွင် သခွားသီး တင်၍ ဓားဖြင့်ခွဲပြခြင်း၊ ၀မ်းဗိုက်ပေါ် ဆိုင်ကယ်များ ဖြတ်စေခြင်း၊ ကားများ ဖြတ်တက်စေခြင်း စသည့်ထူးခြားသည့် စွမ်းရည်ပြကွက်များစွာတို့ကို ပြသခဲ့ကြောင်း သိရသည်။

“ကမ္ဘာ့ ဂရင်းနစ် စံချိန်အတွက် ပြကွက်(၉)မျိုး နေပြည်တော်မှာ တင်ပြထား ပြီးပြီ”ဟု ဦးငြိမ်းအောင်က ပြောသည်။ ယင်းပြကွက်များဖြင့် ပြသ၍ ရရှိသော အလှူငွေများကို နိုင်ငံအရေး၊ အမျိုးဘာသာသာ သနာအရေးများအတွက် လှူဒါန်းခဲ့ သည်မှာ သိန်းပေါင်း ခြောက်သောင်း ကျော် လှူဒါန်းပြီးဖြစ်ကြောင်းလည်း သိရသည်။

သီဟ (ကချင်)

မြန်မာ့ခေတ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...