ဧဒင်အချစ်ပုံပြင်: အမည်မသိအမျိုးသားမှ ဈေးဆိုင်အတွင်းဝင်ရောက်ကာ ချွန်ထက်သောအရာဖြင့် ထိုး၍ ဒဏ်ရာရ

Wednesday 11 September 2013

အမည်မသိအမျိုးသားမှ ဈေးဆိုင်အတွင်းဝင်ရောက်ကာ ချွန်ထက်သောအရာဖြင့် ထိုး၍ ဒဏ်ရာရ

၁၀.၉.၂၀၁၃ရက်နေ့ ၂၁၃၀အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်နေ
ဒေါ်ခိုင်သဇင်မျိုးသည် အတူနေ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရှိန်နှင့်အတူ
နေအိမ်အောက်ထပ်ရှိ ၎င်းတို့ပိုင်စတိုးဆိုင်တွင်ရှိနေစဉ်
မြန်မာအမျိုးသားပုံသဏ္ဍာန်၊ အသက်(၅၀)နှစ်ခန့်ရှိ လူတစ်ဦး
ရောက်ရှိလာပြီးအချိုရည်ဗူးနှင့်ကလေးကစားစရာအရုပ်ဝယ်ယူလိုကြောင်


ပြောဆိုသဖြင့်ဒေါ်ခိုင်သဇင်မျိုးမှ အချိုရည်ဗူးသွားယူနေစဉ်
အဆိုပါအမျိုးသားမှကောင်တာတွင်ထိုင်နေသည့် အစ်မဖြစ်သူ
ဒေါ်မြင့်မြင့်ရှိန်အား အသင့်ယူဆောင်လာသော ပလပ်စတစ်အိတ်ဖြူဖြင့်
ပတ်ထားသည့် ချွန်ထက်သောအရာဖြင့်ထိုး၍ ထွက်ပြေးသွားကြောင်း၊
ဒေါ်ခိုင်သဇင်မျိုးမှ သူခိုးဟုအော်ပြီးနောက်မှလိုက်စဉ် ဆိုပါသူမှာ
ခေါင်းရင်း(၃)အိမ်ကျော်ခန့်၌ရပ်ထားသည့် အမှတ်မသိ
ဗင်အဖြူရောင်ယာဉ်ပေါ်သို့တက်ကာမောင်းနှင်ထွက်ပြေးသွားကြောင်း၊
အစ်မဖြစ်သူဒေါ်မြင့်မြင့်ရှိန်တွင် ၀ဲ/ယာရင်အုံအောက်တွင်ထိုးသွင်း ဒဏ်ရာ(၂)ချက်၊ ၀ဲဂျိုင်းအောက်တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့
ရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသနေရသောကြောင့် ဒေါ်ခိုင်သဇင်မျိုးမှ
စုံစမ်းအရေးယူပေးပါရန်တိုင်တန်းခဲ့၍ တောင်ဥက္ကလာပမြို့မရဲစခန်း
(ပ) ၃၃၆/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ပြီး တရားခံအား ဖော်ထုတ်
ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

from-yangon police

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...