ဧဒင်အချစ်ပုံပြင်: "မင်းသန့်မောင်မောင်နဲ့ ကြော်ငြာရိုက်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်"

Monday 2 September 2013

"မင်းသန့်မောင်မောင်နဲ့ ကြော်ငြာရိုက်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်"

ဒါရိုက်တာ စင်ရော်မောင်မောင် က အမျိုးသမီး လစဉ်သုံး ကုန်ပစ္စည်း ဖြစ်တဲ့ Enjoy  အမှတ် တံဆိပ် ကြော်ငြာ ကို ပတ်ထရစ်ရှာ၊ မေဂရေ့စ်ပယ်ရီ တို့နဲ့ အတူ ရိုက် ကူးနေပါတယ်။ ကြော်ငြာ ရိုက်ကူးမှုက စက္ကန့်ပိုင်း အတွင်း မှာ ပရိသတ် စိတ်ဝင်စားအောင် ရိုက်ကူး ရတာဖြစ်တဲ့ အတွက် ကြော်ငြာ ရိုက်ကူးမှု နဲ့ ပတ်သက်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်က 

"ကြော်ငြာရိုက် တယ်ဆိုတာ ကားရိုက်တာ နဲ့ သိပ်ကို ကွာခြားပါတယ်။ စက္ကန့် သုံးဆယ်၊ လေးဆယ်ပဲ ရတဲ့ အတွက် အဲဒီ အချိန်တို အတွင်းမှာ ဘယ်အိုက်တင်လို ချင်တယ် ဆိုတာကို ဖြည်းဖြည်းခြင်း ဆုံးဖြတ်ရတယ်။ ကွက်တိလေး ကိုယ်လိုချင်တဲ့ ဒီအိုက်တင်ကို ရ အောင် ဆုံးဖြတ်နိုင်ရတယ်။ ပြီးတော့ ကားဆက် မှာလည်း ကွက်တိဝင်နိုင် အောင် ထည့်နိုင်ရမယ်။ အဲဒါက ပညာပဲ ။ သူ့ဟာနဲ့ သူကတော့ ပညာ လေးတွေနဲ့ပဲ လုပ်ဆောင် သွားရ တာပါပဲ" လို့ ပြောပါတယ်။

ဒါရိုက်တာ စင်ရော်မောင်မောင်က သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး သားဖြစ် သူ မင်းသန့်မောင်မောင် နဲ့ ကြော်ငြာ စတင် ရိုက်ကူးဖို့ စီစဉ်နေပြီ ဖြစ်ပါ တယ်။ အနုပညာ နဲ့ပတ်သက်ပြီး သားအပေါ်ထား ရှိတဲ့ သူ့ရဲ့ခံယူ ချက်ကို ဒါရိုက်တာ စင်ရော်မောင်မောင်က 

"ကျွန်တော့် သား မင်းသန့်မောင် မောင်ကို ကြော် ငြာရိုက်ဖို့ ကျွန်တော် စီစဉ်နေ ပြီ။ ဒါပေမဲ့ စိတ် ကြိုက် ဇာတ်ညွန်း၊ စိတ်ကြိုက် ကင်မရာ၊ စိတ်ကြိုက် စတူဒီယို နဲ့ ရိုက်မှာပါ သုံးပုဒ်လောက်တော့ လက်ခံထားတယ်။ ကျွန်တော် က သူကို အရင် ရိုက်ကြည့်မယ်။ နောက် ပိုင်းမှာ လွတ်လွတ် လပ်လပ် ရိုက်လို့ရ ပြီဆိုမှ ပျံသန်းခွင့်ပေးမယ်။ ကျွန် တော့် သားကို ကျွန်တော် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ရမှာ ဖြစ်တဲ့ အတွက် သိပ်ချစ်တဲ့ အသည်း နှလုံး ကို ခဏ ဖယ်ထားပြီးတော့ အနုပညာ ကိုပဲ ဦးစားပေးရမှာပဲလေ။ ဒါပေမဲ့ အသည်းနှလုံး ကတော့ ရှိနေဦးမှာပဲ။ သားက လည်း အနုပညာ အလုပ်ကို ဝါသနာ ပါတော့ အခု ရိုက်ပြီးသွားရင် သူ့အ တွက် ဒါက ပထမ အဆင့်ပေါ့။ ဒုတိယ အဆင့်က ဒါရိုက်တာ။ တတိယ အဆင့် သူ့မိခင်လို သရုပ်ဆောင် ဖြစ်ရမယ်။ စတုတ္ထ အဆင့် ကတော့ ကျွန်တော့်လိုမျိုး ဇာတ်ကားကို အင်တာနေရှင်နယ် မှာ ရုံတင်ပြ ဖြန့်ချိနိုင်တဲ့ ပရိုဂျူဆာ ဖြစ်ရမယ်လို့ ခံယူထား တယ်။ ကျွန်တော့်ရဲ့ အိပ်မက်က သား ပဲ။ ကျွန်တော့်ရဲ့ ဘဝကလည်း သားပဲ။ ကျွန်တော့်ရဲ့ ဘဝမှာ သားရယ်၊ ကျွန်တော်ရယ် နှစ်ယောက် ပဲရှိတယ်။ ဒါဆိုရင် ဘဝကပြည့်စုံ သွားပါပြီ" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...