ဧဒင်အချစ်ပုံပြင်: အဖမ်းဆီးခံအိုဗာစတေးသမားများထဲမှ လိုအပ်သူများကို တရားဝင်ပြန်လည်ပါမစ်ထုတ်ပေးမည် ။

Saturday 7 September 2013

အဖမ်းဆီးခံအိုဗာစတေးသမားများထဲမှ လိုအပ်သူများကို တရားဝင်ပြန်လည်ပါမစ်ထုတ်ပေးမည် ။

Photo: အဖမ်းဆီးခံအိုဗာစတေးသမားများထဲမှ လိုအပ်သူများကို တရားဝင်ပြန်လည်ပါမစ်ထုတ်ပေးမည် ။
************************************************

ယနေ့ ဖမ်းဆီးနေသော OPS 6P တွင် ယခင် 6P က ပါမစ်အတွက် ငွေပေးသွင်းပြီး ပါမစ်မရသူများနှင့် အချို့သော ပါမစ်ပြန်လည်ပေးအပ်ရန် လိုအပ်သည့် အလုပ်သမားများကို တရားဝင်ပါမစ်ထုတ်ပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ယနေ့ Thestar သတင်းစာမှ တရားဝင်ကြော်ငြာသွားသည်ကို စိုးရိမ်နေကြသော မြန်မာနိုင်ငံသားများ သိရှိစေရန် ချက်ချင်း တင်ဆက်ပေးရပါသည် ။

ယနေ့အထိ ဖမ်းဆီးထားသူ တရားမဝင် အလုပ်သမား စုစုပေါင်း ၅၀၀၀ ကျော်ရရှိနေပြီဖြစ်ပြီး ထိုသူများအားလုံးကို ပြည်လည်ပို့ဆောင်သွားမှာမဟုတ်ကြောင်း ၊ လိုအပ်သော အလုပ်သမားများကို စီစစ်ပြီးတရားဝင် နေထိုင်လုပ်ကိုင်ခွင့်ရအောင်ပြန်လည်စီစဉ်မည်ဖြစ်ကြောင်း ကို ပြည်ထဲရေးဝန်ကြီး ဒါတွတ်စရီ အာမက်ဇာဟစ်က ဖြည့်စွက်ပြောကြားသွားသည် ။

" ကျွန်တော်တို့ အလုပ်ရှင်တွေအတွက် 6P ပြန်လည်ချထားပေးမှုအစီအစဉ်အဖြစ် ဒီလိုဆောင်ရွက်မှာပါ ၊ ကျွန်တော်တို့ အလုပ်သမားလိုအပ်နေတာတွေကို သိပါတယ်" လို့ ဝန်ကြီးက ပြောကြားသည် ။

" ကျွန်တော်တို့ အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေကို ကြားပါတယ် သူတို့ဆီမှာ လက်ရှိလုပ်နေတဲ့ အလုပ်သများအချို့က ရွေ့ပြောင်းအလုပ်သမားတွေ (Outsourcing Worker)  ဖြစ်နေတယ်ဆိုတာ အများဆုံးသိရပါတယ် ၊ သူတို့ တွေမှာ တရားဝင် စာရွက်စာတမ်းတွေမတွေ့ရပါဘူး အဲ့တာတွေကိုတော့ ကျွန်တော်တို့ ပြန်လည် လုပ်ကိုင်ခွင့်တွေ ပေးမှာပါ ၊ သူတို့တွေ ၃၀၀၀ ကနေ ၈၀၀၀ ကြားမှာ ငွေကုန်ခံထားကြရတာကိုလဲ တွေ့ရှိရပါတယ်" လို့ ယခု စီမံချက်တွင်းတွေ့ရှိရသည်များကို ဆက်လက်ပြောကြားသွားသည် ။

“ဒီလိုအလုပ်သမားတွေအတွက် ပစ်ဒဏ် မရှိစေသင့်ပါဘူး ၊ ကျွန်တော်တို့အခု Outsourcing Companies တွေကို စီစစ်ရပါတော့မယ်လို့ ” လဲ ဆက်လက်ပြောကြားသွားခဲ့သည် ။

အဆို ပါ ပါမစ် ဆက်လက်ဆောင်ရွက်ပေးမည့်သူများမှာ 6P အစီအစဉ်၏ ကွန်ပျူတာ စနစ် ဖော်ပြချက်အတိုင်း စီစစ်သွားမည်ဖြစ်ကြောင်းသိရသည် ။ အခြားသော သူများကိုမူ မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်းသိရသည် ။

အဆိုပါစီစဉ်မှု့အား မလေးရှားနိုင်ငံ လူ့အရင်းအမြစ် ဖွံ့ဖြိုးရးဝန်ကြီးဌာနမှ ကြိုဆိုလိုက်ပြီး မလေးရှားနိုင်ငံရှိ အလုပ်ရှင်များ အတွက် တရားဝင်လုပ်သားမျာသာ ခန့်အပ်ရေးကို ထိရောက်စွာအကောင်ထည်ဖော် ပေးနိုင်မည်ဖြစ်ကြောင်းသိရသည် ။

သို့ကြောင့် အလုပ်သမား ပြတ်လပ်မှုပြဿနာများ အလုပ်ရှင်များရင်မဆိုင်လိုပါက တရားဝင်အလုပ်သမားများကိုသာ ခန့်အပ်သွားရန်  အဓိကဖြစ်ကြောင်းဆက်လက် ပြောကြားသွားခဲ့သည် ။

သို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် ယခု အစီအစဉ်အား ပြီးဆုံးအောင်ဆက်လက်ဆောင်ရွက်သွားမည့်အကြောင်း နှင့် နောက်ဆုံးအဆင့် တရားဝင်အလုပ်သမားများသာ တိုင်းပြည်တွင် ကျန်ခဲ့မည်ဖြစ်ကြောင်းကို ဝန်ကြီး က ဆက်လက်ပြောကြားသွားသည် ။

ယခုအစီအစဉ်အရ မလေးရှားနိုင်ငံလုံးဆိုင်ရာ တရားမဝင်နေထိုင်သူများ ပမာဏနှင့် လက်ရှိ အခြေအနေကို ဖော်ပြသွားနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသွားခဲ့သည် ။

ယခု စီမံချက်ကြောင့် မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူများကို ဖော်ထုတ်နိုင်ခြင်း ၊ အမှန်လုပ်ကိုင်နေသော အလုပ်သမားများကိုနေရာပိုပေးနိုင်ခြင်း ၊ အခြား မလိုအပ်သော ပြဿနာများကို ရပ်တံထားနိုင်ခြင်း ၊ ပစ်မှုရှိသူများကိုတွေ့ရှိအရေးယူနိုင်ခြင်း နှင့် ရောဂါကူးစက်ပြန့်ပွားနိုင်သော အခြေအနေများကို တွေ့ရှိပြုပြင်သွားနိုင်ခြင်းဆိုသော အကျိုးများရရှိကြောင်း ပြောရေးဆိုခွင့်ရှိသူများက ယနေ့ပြောကြားသွားခဲ့သည် ။

ယနေ့အလုပ်ရှင်များသည် တရားမဝင်လုပ်သားများ ခန့်အပ်မှုကို နောက်ဆုံးရပ်တန့်ပစ်ရမည့် အချိန်ဖြစ်ကြောင်း ကို THESTAR သတင်းဌာနမှ ယနေ့ တရားဝင်ကြော်ငြာသွားခဲ့ပါသည် ။

မလေးရှားရောက် မြန်မာများမှ ယနေ့သတင်းအား တင်ဆက်မှုတွင်  အဖမ်းဆီး ကိစ္စများအား ရပ်တံ့မည်ဟု မတွေ့ရပါ ။

ဖမ်းဆီးမှုကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖမ်းဆီးခံရသူများထဲမှ တရားဝင်ပြန်လည် ပါမစ်ထုတ်ပေးရန် လိုအပ်သူများကို တရားဝင်ပါမစ်ထုတ်ပေးသွားမည့်အကြောင်းသာပါသည်ကို မလေးရှားရောက် မြန်မာများ သိရှိရန် ရေးသားပေးပါသည် ။

လက်ရှိ ကွာလာလမ်ပူ ၊ ဆလန်းဂေါ ၊ ပီနန်း ၊ ဂျိုဟိုး ၊ မလကာ ရှိ အချို့နေရာများတွင် ယနေ့ ၇.၉.၂၀၁၃ အထိ ဖမ်းဆီးမှုများရှိနေသေးကြောင်းကို ယနေ့ သတင်းအဖြစ်ရေးသားတင်ဆက်ပေးရပါသည်။

SOURCE : THESTAR
WWW.FACEBOOK.COM/MMRINMY
WWW.EDINOOYIN.COM

from-မလေးရှားရောက်မြန်မာများ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...