ဧဒင်အချစ်ပုံပြင်: အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

Wednesday 2 October 2013

အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ

Photo: အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
Wednesday, October 2, 2013

ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှ သည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများက ဖော်ပြခဲ့

အိန္ဒိယတွင် ကလေးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရ
အိန္ဒိယ နိုင်ငံတွင် ကလေးငယ် တစ်ဦးကို လူမဆန်စွာဖြင့် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ယင်းကလေးငယ် သည် စက်တင်ဘာလ (၃၀)ရက်နေ့က ဖခင်ဖြစ်သူနှင့် ပြဿနာရှိသူ နှစ်ဦး၏ ဖမ်းဆီးခြင်းကို ခံရပြီး ဓာတ်ဆီလောင်း မီးရှို့မှုနှင့် ကြုံခဲ့ရှာခြင်း ဖြစ်သည်။ ကလေး၏ ဖခင်မှာ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပြီး စွန်ကြိုးဝယ်ယူသူ နှစ်ဦးနှင့် အတန်ငယ် အခြေအတင် စကားများခဲ့သည်။ ပန်ဂျပ်ပြည်နယ်၊ ဆန်ဂရူရှိ မာလာကိုတလာမြို့တွင် နေထိုင်သော ကလေးငယ်သည် အညှိုးကြီးလှ သည့် အဆိုပါ ဈေးဝယ်သူ နှစ်ဦး၏ ပစ်မှတ်ထား ဖမ်းဆီးမှုနှင့် ကြုံရပြီးနောက် ရက်ရက်စက်စက် ပြုမူခံရခြင်းဟု သတင်းများ က ဖော်ပြခဲ့သည်။

ဗစ်ဟူဂျိန်းသည် ညီငယ်၏ကျောင်းသို့ စက်ဘီးစီးကာ ထမင်းဘူးပို့ရန် ထွက်ခွာသွားခဲ့သည်။ ထို့နောက် မကြာမီတွင် လမ်းကြားတစ်ခုထဲမှ ထိတ်လန့်တကြား အော်ဟစ်ရင်း ပြေးထွက်လာသည့် ဂျိန်းကို လမ်းသွားလမ်းလာများက တွေ့မြင်ခဲ့ရသည်။ ထိုအချိန်တွင် သနားစရာ ကလေးငယ်မှာ တစ်ကိုယ်လုံး မီးစွဲလောင်လျှက် ရှိနေသည်။ အနီးအနားရှိ လူများက ဂျိန်း၏ ကိုယ်ပေါ်ရှိ ဓာတ်ဆီများပေါ် စွဲလောင်နေသည့် မီးလျံများကို ကြိုးစားပမ်းစား ငြှိမ်းသတ်ပေးပြီးနောက် ကလေးကို ဆေး ရုံတင်ပို့ခဲ့ကြသည်။ သို့သော်လည်း ခန္ဓာကိုယ် တစ်ခုလုံး မီးလောင်နေသည့် ဂျိန်းခမျာ ပြင်းထန်သော ဝေဒနာများကို ခံစားရင်း ကွယ်လွန်ခဲ့ရှာသည်။

၎င်းကို မီးငြှိမ်းသတ်ပေးခဲ့သည့် နေရာ၏ မြေပြင်တွင်ပင် မည်းနက်သော မီးလောင်ရာများ ကျန်ရှိနေသည်ကို တွေ့ရသည်။ ဆိုင်ငယ်တစ်ခု ဖွင့်လှစ်ထားသည့် ဖခင်ဖြစ်သူ နက်ဗ်နိတ်ဂျိန်းက "ကျွန်တော့်သားက နေ့လယ်ပိုင်းမှာ သူ့ညီလေးကို ထမင်းချိုင့် သွားပို့တာပါ။ သူအော်ပြီး ထွက်ပြေးလာတော့ ဘေးနား တိုက်ခန်းတွေက လူတွေတောင် ကြားရတယ်။ တချို့လူတွေက သူ့ကို မီးကူငြှိမ်းပေးပြီး ဆေးရုံချက်ချင်း ပို့ပေးခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက လူသတ်သမားများကို မိမိအနေဖြင့် အတိအကျ မပြောနိုင်သော်လည်း အခင်းမဖြစ်မီ (၃)ရက်က စွန်ကြိုးဝယ်စဉ် အငြင်းပွား ရန်ဖြစ်ခဲ့ဖူးသည်ကို မှတ်မိကြောင်း ရဲများထံ ထွက်ဆိုခဲ့သည်။

ထိုအငြင်းပွားမှု ဖြစ်ပွားစဉ်က ဆိုင်အကူဝန်ထမ်း ရှိနေသော်လည်း အခင်းဖြစ်ချိန်တွင် ၎င်းလည်း ပျောက်ဆုံးနေပြီး ရဲများက လိုက်လံရှာဖွေနေကြောင်း Hindustan Times သတင်းစာက ဖော်ပြခဲ့သည်။ သတင်းအချို့ကလည်း ကလေးကို ပြန်ပေးဆွဲ ငွေညှစ်ရန် အားထုတ်မှုတစ်ခု ဖြစ်နိုင်ကြောင်း ခန့်မှန်းရေးသားနေသည်။ ရဲတပ်ဖွဲ့ အနေဖြင့် ကလေးငယ်သည် စက်ဘီးပေါ်မှ အတင်းဖမ်းချုပ် ခေါ်ယူသွားပြီး အဆောက်အအုံသစ် တည်ဆောက်နေသည့် နေရာတစ်ခုတွင် မီးတင်ရှို့ ခံခဲ့ရခြင်းဟု ဖော်ထုတ် တွေ့ရှိထားသည်။ လက်ရှိတွင်မူ မည်သည့် ဖမ်းဆီးမှုမျှ မရှိသေးသလို စွန်ကြိုးဝယ်သူ နှစ်ဦးကို လူသတ်သမားအဖြစ်လည်း ရဲများက အတည်ပြုခြင်း မရှိချေ။

ဆင်းသေဆုံးမှု သတင်းကို ကြားသိပြီးနောက် ယင်းမြို့တွင် နေ ထိုင်သူများက ဒေါသတကြီး ဆူပူမှုအချို့ ပြုလုပ်ခဲ့ပြီး ဘတ်စ်ကားများကို ဖျက်ဆီးခဲ့သလို အဝေးပြေး လမ်းမကိုလည်း ပိတ်ခဲ့ကြောင်း သိရှိရသည်။ ရဲတပ်ဖွဲ့က မိမိတို့သည် ဆင်းကို မီးရှို့ခဲ့သူများအား ဖော်ထုတ်နိုင်ရန် စုံစမ်းနေဆဲဟု ဆိုသည်။ မာလာကိုတလာ ရဲတပ်ဖွဲ့မှ အရာရှိ တစ်ဦးက "ဖြစ်စဉ်ကို ကျွန်တော်တို့ အလေးအနက် စုံစမ်းနေဆဲပါ။ တရားခံတွေကို တိတိကျကျ ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်"ဟု ပြောဆိုသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...