ဧဒင်အချစ်ပုံပြင်: ခေတ်သစ် တာဇံ မလေး Tippi Degré

Friday 18 October 2013

ခေတ်သစ် တာဇံ မလေး Tippi Degré

Photo: ခေတ်သစ် တာဇံ မလေး Tippi Degré

Saturday, 19 October 2013

တောင် အာဖရိက မှာ မွေးပြီး တောင် အာဖရိက မှာပဲ ကြီးပြင်း ခဲ့တဲ့ ကလေးမ ငယ်လေး Tippi Degré ဖြစ်ပါတယ်။ ပြင်သစ် လူမျိုး တောရိုင်း သဘာဝ လေ့လာ ရေး ဓာတ်ပုံ ဆရာ မိဘ မှ မွေးဖွားပြီး တောထဲ မှာပဲ ၁၀ နှစ် မက နေခဲ့ပါတယ်။

နေထိုင် စဉ် ဘဝ တစ်လျှောက် လုံး ကျား၊ ခြေင်္သေ့၊ ရေမြင်း၊ ဆင်၊ မျောက်၊ ကြံ့ ၊ မြွှေ၊ ဖား၊ ပုတက် အစရှိ သဖြင့် တောရိုင်း တိရစ္ဆာန် များနဲ့ အတူတူ နေထိုင် ခဲ့တာ ဖြစ်ပါတယ်။ သာမန် လူရိုင်း တစ်ယောက် တောင် သူ့လောက် တိရစ္ဆာန် စုံစုံ လင်လင်နဲ့ မချဉ်း ကပ်၊ မနေထိုင် ရဲပါ ဘူး။ မွေး ကတည်း က ကြီးပြင်း တဲ့ အချိန် ထိ တောရိုင်း တိရစ္ဆာန် များ နဲ့ ပျော်ပါး ပြီး တာဇံ မလေး လို့ တောင် ခေါ်တွင် ပါတယ်။ သူ့ မှာ ရွယ်တူ သူငယ်ချင်း မရှိပဲ တိရစ္ဆာန် သူငယ်ချင်း ပဲ ရှိပါတယ်။ 

Tippi ကို အခြေခံ လို့ ရုပ်ရှင်၊ တီဗီ ရုပ်သံ အစီအစဉ် မှ တင်ဆက် တော့ လည်း အောင်မြင် ခဲ့ပါ တယ်။ Wildlife Photograph တွေမှာ လည်း တော်တော် များများ ပါဝင် ပြီး Tippi လို အနောက် တိုင်း လူဖြူ တစ်ဦး အနေ နဲ့ တိရစ္ဆာန် များ နဲ့ ရင်းနှီးမှု က ထူးခြား ကြောင်း သိရ ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...