ဧဒင်အချစ်ပုံပြင်: သားသမီး တွေ ကို အမေရိက မှာပဲ ကျောင်းထား မယ် ဆိုသူ နိုင်းနိုင်း

Friday 18 October 2013

သားသမီး တွေ ကို အမေရိက မှာပဲ ကျောင်းထား မယ် ဆိုသူ နိုင်းနိုင်း

Photo: သားသမီး တွေ ကို အမေရိက မှာပဲ ကျောင်းထား မယ် ဆိုသူ နိုင်းနိုင်း

မလေးရှား နိုင်ငံ မှာ ရိုက်ကူး တဲ့ မဟာဆန် တဲ့ မာယာ မျက်နှာ ဖုံး ဇာတ်ကား မှာ ခေါင်းဆောင် မင်းသား နေရာ က ပါဝင် သရုပ်ဆောင် ခဲ့တဲ့ နိုင်းနိုင်း က ကိုယ် သရုပ်ဆောင် ရ မယ့် နေရာ ကို တာဝန်ကျေ အောင် ဆောင်ရွက် ခဲ့ ကြောင်းပြော ပါတယ်။ လတ်တလော မှာ နိုင်းနိုင်း က ကြော်ငြာ ရိုက်ကူး နေပြီး ဇာတ်ကား ကိုတော့ ကြိုက် တဲ့ ဇာတ်လမ်း မှ ပဲ ရိုက်ကူးတော့ မှာ ဖြစ်ကြောင်း ပြောပါ တယ်။

“ကျွန်တော့် ဇာတ်လမ်း တွေ ကလည်း ဒရာမာ ပဲ ဖြစ်ဖြစ်၊ အိမ်ထောင် ရေး ပဋိပက္ခပဲ ဖြစ်ဖြစ် တော်တော် များ နေပြီ။ အခု လွှင့်နေ တဲ့ ဇာတ်ကား တွေ ကလည်း တီဗီချန်နယ် တွေမှာ ဆက် တိုက် လာနေတယ်။ ကျွန်တော် အသစ် ထပ်လုပ် လိုက်တာ တစ်ခုက အရှေ့က အဟောင်း နဲ့ သိပ် မကွာ ရင် ကျွန်တော် မလုပ်ချင် တော့ဘူး။ ပရိသတ် စိတ်ဝင် စားမယ့် ဇာတ် လမ်းမျိုး နဲ့ ကွဲပြားခြား နားတာ ဖြစ်ချင် တယ်။ အဲဒါ ကြောင့် နောက်ပိုင်း ကြုံသမျှ၊ လာသမျှ ဇာတ်တွေ ကို မရိုက်ချင် တော့ ဘူး။ ရှေ့က လုပ်ခဲ့ဖူး တဲ့ ပုံစံမျိုး မလုပ်ချင် ဘူး။ ခေါက်ရိုးကျိုး ထဲက မလုပ်ချင် ဘူး။ ခွဲထွက် ချင်တယ်။

အထူး သဖြင့် ကျွန်တော် ရိုက်ချင် တာက ဖြစ်ရပ်မှန် ဇာတ်လမ်း ဆန်း ဆန်းတွေပါ။ ပရိသတ် အတွက် ဖျော်ဖြေမှု လည်းပါမယ်။သင်ခန်းစာ ရမယ့် အကြောင်း အရာတွေ လည်း ပါရမယ်” လို့ ဇာတ်လမ်း တွေ ရွေးချယ် ရိုက်ကူး သွားမယ့် အကြောင်း နိုင်းနိုင်းက ပြောပါ တယ်။နိုင်းနိုင်း က သားသမီး တွေ အကုန် လုံး ကို အမေရိက မှာပဲ ကျောင်းထား သွားမယ် လို့ ပြောပါတယ်။ နိုင်ငံခြား မှာ ကျောင်းထား ပေမယ့် နိုင်ငံ ခြား အငွေ့ အသက်တွေ မကူးစက် စေဘဲ၊ ကိုယ့် ရိုးရာ ယဉ်ကျေးမှု၊ ဘာသာ တရားတွေ ကို လည်း နားလည် အောင် ရှင်းပြ သွားမယ် ဆိုတဲ့ နိုင်းနိုင်း က “ကျွန်တော့် အမျိုးသမီး ဆိုရင် ဟိုမှာ ငယ် ငယ် ကတည်း က ကျောင်းတက် ပေမယ့် သူ အဲဒီရဲ့အငွေ့ အသက် တွေ မကူးစက် ပါဘူး။ ဒါ ကလည်း မိဘ၊ အသိုင်း အဝိုင်း ပတ်ဝန်းကျင် နဲ့ ဆိုင်တယ် လေ။ ကေ လး တွေ ကို ဟိုမှာ ကျောင်းထား ပေ မယ့် စန္ဒီ ရဲ့အုပ်ချုပ် မှု၊ ဂရုစိုက် မှု၊ သူ့ရဲ့ Control ပေါ် မူတည် ပြီး ကလေး တွေ က ရှိနေ မှာပါ။

ဖြစ်နိုင် ရင် တော့ ကျွန်တော့် ရိုးရာ ယဉ်ကျေး မှု လည်း မပျောက် ချင်ဘူး။ ဘာသာ စကား ကိုလည်း မပျောက် စေ ချင်ဘူး။ ကလေး တွေ ဟိုရောက် ပေမယ့် မြန်မာ လို လုံးဝ တတ်ရ မယ်။ မြန်မာ စကား ကို ကျွမ်းကျွမ်း ကျင် ကျင် ပြောနိုင် ရမယ်။ ကျွန်တော် က ဗုဒ္ဓဘာသာ ဖြစ်တဲ့ အတွက် ကလေး တွေ လည်း ဗုဒ္ဓဘာသာ ပဲ ဖြစ်ရမယ်။ မိဘ ကိုးကွယ် လို့ မဟုတ် ဘဲနဲ့ သူတို့ ကြီးလာ ရင် ဘာသာ တရား ရဲ့အကြောင်း ကို ရှင်းပြ ပြီး တော့ သူတို့ နားလည် ပြီး ကိုးကွယ်တာ ပိုကောင်း တာပေါ့” လို့ ပြောပါ တယ်။ စတုတ္ထ မြောက်ရင် သွေးလေး က ဘာလေး ပဲ ဖြစ်ဖြစ် ချစ်မှာပဲ ဖြစ်ပြီး အဓိက တော့ ခြေလက် အင်္ဂါ စုံစုံ နဲ့ ကျန်းမာရေး ကောင်းတယ် ဆိုရင် ပဲ သား၊ သမီး ရတနာ တစ်ခု ပါပဲ လို့ နိုင်းနိုင်း က ပြောပါ တယ်။ 

ခိုင်ဝေလွင်
Popular News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...