ဧဒင်အချစ်ပုံပြင်: ဇာတ်ကားနဲ့လိုက်တဲ့ ကာရိုက်တာမျိုးကိုရိုက်ဖို့ ဆံပင်ပုံစံပြောင်းသွားမှာပါ ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်း

Saturday 30 November 2013

ဇာတ်ကားနဲ့လိုက်တဲ့ ကာရိုက်တာမျိုးကိုရိုက်ဖို့ ဆံပင်ပုံစံပြောင်းသွားမှာပါ ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်း

Photo: ဇာတ်ကားနဲ့လိုက်တဲ့ ကာရိုက်တာမျိုးကိုရိုက်ဖို့ ဆံပင်ပုံစံပြောင်းသွားမှာပါ ဆိုတဲ့ သရုပ်ဆောင် အောင်ရဲလင်း
Sunday, December 1, 2013

ဗီဒီယိုအခွေတိုင်း၌ ကာရိုက်တာတစ်ခုအပေါ်မှာ လိုက်ဖက်သော ဆံပင်ပုံစံမျိုးဖြင့် ကြည့်ရှုသူ ပရိသတ်မရိုးနိုင်အောင် အမြဲတမ်း ဂရုစိုက်ပြင်ဆင်လေ့ရှိသည့် သရုပ်ဆောင် အောင်ရဲလင်းက သူ့၏ဆံပင်ပုံစံနှင့် အနုပညာ လှုပ်ရှားမှုများကို သူ၏ပရိသတ်များအတွက် မြဝတီသတင်း စာတိုက်သို့ ယခုလိုပြောပြခဲ့သည်။

''ကျွန်တော်က ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေ ကျွန်တော့် ဇာတ်ကားတွေကို ကြည့်တဲ့ အခါမှာ မရိုးရအောင်လို့ အမြဲစဉ်းစားတယ်။ ဆံပင်ပုံစံပြောင်းတယ် ဆိုတာကလည်း ကားတစ်ကားနဲ့ တစ်ကားမရိုးရအောင်ကြည့်တဲ့ ပရိသတ်တွေအနေနဲ့ အသစ်တစ် မျိုးမြင်ရသလို မျိုးဖြစ်အောင် ဆံပင်ပုံစံကို ပြောင်းရတာပါ။ တစ်ပုံစံတည်းဆိုရင် ကျွန်တော့်ကို ကျွန်တော် ပြန်ကြည့်ရတာလည်း အရမ်းရိုးတယ် ။ကျွန်တော့်ကိုကြည့်တဲ့ ပရိသတ်တွေလည်း ရိုးမှာလေ။ ဒါကြောင့် ဆံပင်ပုံစံပြောင်းတယ်။ မိတ်ကပ်ပြောင်းတယ်။ အကုန်လုံး ပြောင်းလိုက်ခြင်းအားဖြင့် တစ်ကားနဲ့တစ်ကား ကြည့်ရတဲ့အရသာ နည်းနည်းပြောင်းမယ် ထင်တယ်။ ဒီအတွက် ဆံပင်နဲ့ ကာရိုက်တာကို အဓိကထား ပြောင်းလဲဖြစ်တာပေါ့'' ဟု သူက ပြောပြခဲ့သည်။ အနုပညာအလုပ်ဆိုတာ သူ့ဘဝရဲ့တန်ဖိုး အရှိဆုံးနဲ့ မိဘကို ကျေးဇူးဆပ်နိုင်တဲ့ အလုပ်ဖြစ်တယ်လို့လည်း အောင်ရဲလင်းက ယခုလို ပြောပြခဲ့သည်။ ''ကျွန်တော့်အနေနဲ့ ကာရိုက်တာတွေကို မထပ်ရအောင် ပုံစံမျိုးစုံနဲ့ရိုက်သွားမယ်။ ကျွန်တော့်ဘက်ကနေ အခက်အခဲတွေ မရှိရအောင် အနုပညာဝမ်းစာ ပြည့်အောင်ကြိုးစားမှာပါ။ ဘယ်နေရာပဲ ရောက်ရောက် ရောက်တဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားမှာပါ။ အနုပညာအလုပ်က ကျွန်တော့်ဘဝရဲ့ တန်ဖိုးအရှိဆုံး အလုပ်ပါ။ မိဘကျေးဇူးကိုလည်း ဒီအလုပ်ကို အကောင်းဆုံးလုပ်ရင်းနဲ့ ဆပ်သွားမှာပါ'' ဟုပြောပြခဲ့သည်။ သူ့ပရိသတ်များအတွက်လည်း ''နောက်ပိုင်းကားတွေမှာ ကာရိုက်တာစုံအောင် ရိုက်သွားမှာပါ။ ကျွန်တော့်အလုပ်ကို အကောင်းဆုံး စေတနာထားပြီး လုပ်ပါတယ်။ ကျွန်တော့် ကားလေးတွေ ကြည့်တဲ့အခါမှာ အကောင်းဆုံး ရသလေးတစ်ခု ပေးနိုင်အောင် ကြိုးစားပါတယ်။ အများကြီးလည်း ဆက်ပြီးလှုပ်ရှားသွားမှာပါ။ ကျွန်တော့် ပရိသတ်ကြီးကလည်း ဆက်လက် အားပေးကြပါ'' ဟု အောင်ရဲလင်းက မြဝတီသတင်းစာမှ တစ်ဆင့်သူ့၏ ချစ်ပရိသတ်ကြီးအတွက် ပြောပြခဲ့သည်။

မြ၀တီ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...