ဧဒင်အချစ်ပုံပြင်: မျက်နှာပေါ် ခရုနဲ့မြုံရတဲ့ဂျပန်ကုထုံးနည်းသစ်

Saturday 30 November 2013

မျက်နှာပေါ် ခရုနဲ့မြုံရတဲ့ဂျပန်ကုထုံးနည်းသစ်

Photo: မျက်နှာပေါ် ခရုနဲ့မြုံရတဲ့ဂျပန်ကုထုံးနည်းသစ်
Sunday, December 1, 2013

မျက်နှာပေါ်ခရုတွေတင်ရမယ်ဆိုတာတော့ ကြားရတာနဲ့တင် ကျက်သီးထချင်စရာ၊ မနှစ် မြို့ဖွယ်ကိစ္စရပ်ပါပဲ။ ဂျပန်ကုမ္ပဏီတစ်ခုကတော့ အဲ့လိုကုသပေးဖို့ မျှော်လင့်နေပါတယ်။ မျက်နှာပေါ်က ဆဲလ်သေတွေကိုခွာချဖို့နဲ့ နှစ်ပေါင်းများစွာချေးကပ်နေတဲ့ချွေးပေါက်တွေကို သန့်စင်ဖို့အတွက် ခရုတွေနဲ့ ၅မိနစ်အတွင်း ကုသနိုင်မယ်လို့သိရပါတယ်။

‘ခရုတွေရဲ့အကျိအချွဲတွေက ဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးပါတယ်။ နေလောင်နေတဲ့အရေပြားကိုလည်း ကုသပေးနိုင်ပြီး ရေဓါတ်ကိုပေးတဲ့အတွက် အသားအရေကိုလည်းစိုပြေစေပါတယ်။အမျိုးသမီးရဲ့မျက်နှာ ပေါ်မှာ ခရု ၃ကောင်တင်ပြီးကုသပါတယ်။’ လို့ တိုကျိုမြို့အခြေစိုက် Ci:z.Labo အလှပြုပြင်ရေး မှ ပြောရေးဆိုခွင့်ရှိသူ မာနာမီ တာကူမူရာ ကပြောပါတယ်။

မျက်နှာပေါ်ခရုတွေတင်ပြီးကုသရင် ခရုရဲ့ ၁၀၀ရာခိုင်နှုန်းသန့်စင်တဲ့ အဆီအနှစ်တွေက အရေပြားပေါ်တိုက်ရိုက် သက်ရောက်မှုပေးစွမ်းပါတယ်။ ခရုရဲ့ အကျိအချွဲတွေဟာ လူ့အရေပြားအတွက် အသက်ရင့်မှုကိုတိုက်ဖျက်ပေးနိုင်စွမ်း ရှိတယ်လို့ ယုံကြည်ရပါတယ်။ 

Ref:News.Discovery
Trend Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...